(Unicode)
လော့ဖုန်း နှစ်ပတ်လည်အခမ်းအနား ပါတီကျင်းပမည့်အစီစဉ်မှာ ခပ်မြန်မြန်ပဲ စီစဉ်လို့ ပြီးသွားလေသည်။ ရှန်းချွယ့်အနေနဲ့ အသေးစိတ် လိုက်လုပ်ပေးနေစရာ မလိုလိုက်။
အပြောင်းအလဲလေး နည်းနည်းလောက်လုပ်ဖို့ အကြံပေးပြီးရုံနှင့် အတည်ပြုလက်ခံပေးလိုက်တော့သည်။ သို့သော် ရုံးခန်းနေရာရွှေ့ပြောင်းရေးအတွက် အဆောက်အအုံသစ် လိုက်ရှာရသည့် လုပ်ငန်းမှာမူ အတော်လေး ခေါင်းကိုက်စဖွယ်။
အကြောင်းအရင်းမှာ လော့ဖုန််းကုမ္ပဏီ၌ ခန့်အပ်ထားသည့် ဝန််ထမ်းအများစုကြောင့်ပါပေ။ကိုယ်ထူကိုယ်ထ ကုမ္ပဏီအသေးစားလေးတိုင််းလိုလိုမှာ မြို့ကြီး ပြကြီးတွင် နေရာဒေသ ပနံသင့်လှသည့် အရပ်ဌာနေမျိုး၌ အခြေတည်နိုင်ဖို့ အိပ်မက်များရှိကြစမြဲ ဆိုသော်ငြား လော့ဖုန်းရုံးချုပ်ကြီးသည်ကား တစ္ဆေများနှင့် ပြည့်နှက်နေခဲ့တော့သည်။
လူသူထူထပ်လှသည့် မြို့တွင်း အဆောက်အအုံများမှာ ရွေးချယ်မှုကောင်း မဟုတ်ရပါလေ။ အသင့်တော်ဆုံး ဖြစ်နိုင်မည့် နေရာများမှာ စက်မှုလက်မှုဖွံ့ဖြိုးဆဲဇုန်၊ ပြည်လည်ထူထောင်ရေးစနေသော ရပ်ကွက်သစ်များသာ ဖြစ်ကြတော့သည်။
သို့ရာတွင် ထိုကဲ့သို့ နေရာအသစ်မျိုးကျတော့လည်း အဆောက်အအုံများ ၊ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းတို့မှာ ယခုထက်ထိ မပြည့်စုံသေး လိုအပ်နေဆဲ အခြေအနေမျိုးတွင်။
လုလင်းရှီမှာ သင့်တော်မည် ထင်ရသည့် ရုံးခန်းအဆောက်အအုံတော်တော်များများကို သွားရောက်ကြည့်ရှုပြီးပြီဆိုသော်လည်း အကြိုက်တွေ့သည့်နေရာမျိုး ယခုထက်ထိ မကြုံရသေးချေ။လော့ဖုန်း၌ ထိုကဲ့သော အခက်ကြုံနေစဉ်တွင် တစ်ရက်၌ ၎င်းတို့ကုမ္ပဏီ ရုံးချုပ်ကြီးထံသို့ ခရိုင်အစိုးရမှ ပေးပို့လိုက်သည့် အသိပေးချက်တစ်မျိုးကို လက်ခံရရှိလိုက်ပေသည်။
ထိုအသိပေးချက်မှာကား လော့ဖုန်းအနေဖြင့် စီးပွါးထူးချွန်အဖြစ် သတ်မှတ်ခြင်း ခံလိုက်ရကြောင်း ကြေညာခံထားရသည့် အကြောင်းပါပေ။တစ်ဆက်တည်းမှာ ထူးချွန််ဆုအနေဖြင့် ဆုကြေးငွေ အမြောက်အမြားလည်း လက်ခံရရှိဦးမည် ဆိုသည့်အကြောင်းရော ထည့်သွင်းဖော်ပြထားသေးသည်။