(Unicode)
ယွိကျန်းတု ရုတ်ချည်းဆိုသလိုပါပဲ သူနှင့်ရှန်းချွယ့်ကြားက နားလည်မှုလွဲနေသမျှ အရာအားလုံးကို ဖြေရှင်းလိုသည့်စိတ်များ မရှိတော့သလို ခံစားရသည်။
သူ ပြုံးကာ ဆိုလိုက်၏။
"ပြီးရောလေ...အဲ့လိုဆို ကျွန်တော် ဘာမှ မပြောတော့ဘူးနော်"
ရှန်းချွယ့် :"........."
ခေတ္တအကြာမှာ ၎င်းက နားနှစ်ဖက်ကို ကပ်ပိတ်ထားသော မိမ်လက်များကို ဖယ်ချရင်း ခေါင်းမာစွာဖြင့် မာတိတတ် ပြောလာခဲ့သည်။
"မင်းဖက်က တအားကိုမှ ပြောချင်နေတယ်ဆိုရင်လည်း......"
"ကျွန်တော် ဘာမှ မပြောတော့ပါဘူးဆို"
ယွိကျန်းတုက တစ်ဖက်လူ၏ မျက်လုံးများထဲသို့ စိတ်ခံစားချက်များ ရိုးရှင်းစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များက နူးညံ့သထက် နူးညံ့လာခဲ့ရင်း...."အတည် ပြောတာ.."
ရှန်းချွယ့်:"..............."
သူ့ဖက်က နားမထောင်ချင်ဘူးလို့ စပြောတာ မှန်ပေမဲ့ အခုလိုကြီးကျ သူ့ရှူးသူပြန်ပတ်မိနေသလို ဖြစ်သွားပြီလို့ ခံစားရတယ်!
အား ပိုပြီးတော့ ဒေါသတွေ ထွက်လာရပြီ!ထိုအချိန်မှာပဲ အူလည်လည်နှင့် အဘိုးအိုတစ်ယောက်၏အသံက ယွိကျန်းတု နောက်မှ ထွက်လာခဲ့၏။
"ရှောင်ယွိ ဒါ မင်းသူငယ်ချင်းလား?"
"ဟုတ်တယ် သူက ကျွန်တော့်ကို လာကြိုပေးတာလေ"
ယွိကျန်းတုလည်း အဘိုးချန်အား ပြန်ဖြေပေးပြီးနောက် ရှန်းချွယ့်အား ကြည့်လိုက်လေသည်။ထိုသူကား ၎င်း၏ ဩဇာအာဏာကြီးသော CEO တစ်ယောက်၏ တစ္ဆေဆန်ဆန်အသွင်ကို ဆောင်ပြီး မျက်နှာထား တင်းတင်းနှင့် ဟိတ်ဟန်လုပ်နေပုံကို ကြည့်လိုက်ရင်း သူ စိတ်ထဲက ရယ်သွမ်းသွေးမိသွားသည်။
သို့သော် အပြင်ပန်းမျက်နှာတွင်တော့ ဘာကိုမှ မဖော်ပြထားချေ။ ထို့နောက်မှာ ခေါင်းစဉ်ပြောင်း၍ သူမေးကြည့်လိုက်၏။
"သူဌေး....ဒီ အဘိုးရဲ့ အဖြစ်က ဘယ်နား မှားသွားတာလဲ ပြောပြပေးလို့ ရလား?"