-112- (အကြွေးတောင်း ဌာန)

894 160 5
                                    

(Unicode)
စစ်ရိုးမတောင်တန်း အဖြစ်အပျက် ပြီးဆုံးခန်း တိုင်ခဲ့လေပြီ။ ဖုန်းတုဧကရာဇ်ပြန်လည် နိုးထလာခြင်းနှင့် ပတ်သတ်သည့် နောက်ဆက်တွဲပြဿနာအား ရေရှည်ကိုင်တွယ်ဖြေရှင်းရန် အစီစဉ်တို့မှာမူ ချမှတ်ဖို့ရန် ကျန်ရှိနေသေးသည်။ အဆုံးသတ်မှာ ဘာတွေ ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်စွ။

သတိအစုံကို အမြဲတစေ ကပ်ထားရင်းပဲ ယွိကျန်းတုနှင့် ရှန်းချွယ့်တို့မှာ ဤ ကိစ္စအား ယာယီလျှို့ဝှက်ချက် တစ်ခုအဖြစ်ပဲ ထားထားလိုက်ဖို့ ဆုံးဖြတ်ခဲ့လိုက်ကြတော့သည်။

ဂိုဏ်းအသီးသီးက ဘာသာရေး ကိုယ်တော်များမှာ ၎င်းတို့နှင့်ဆွေးနွေးတိုင်ပင်ခန်း ဖွင့်ဖို့ရန် ယွိကျန်းတုနှင့် ရှန်းချွယ့်တို့အား ဖိတ်ကြားလာခဲ့သည်။ သို့ရာတွင် မိမိတို့အဖို့ ကုမ္ပဏီ၌​လက်စဖြတ်ရန််ကျန််နေသည့် လုပ်ငန်းကိစ္စများစွာကလည်း စောင့်မျှော်နေကြသေးသည်။ ထို့အပြင် ရှန်းချွယ့်တစ်ယောက်အဖို့က မိတ်ဆွေအသိုင်းအဝိုင်းချဲ့ထွင်ဖို့လည်း စိတ်ကူးမရှိတာ သိသာနေတာတစ်ကြောင်း။ အဆုံးသတ်မှာ ယွိကျန်းတုဖက်ကပဲ ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ယောက်ပီပီ ဖိတ်ကြားခြင်းများကို တစ်ခုမကျန် ငြင်းပယ်ပေးခဲ့ရတော့သည် ။ ထို့နောက်တွင်တော့ သူ့နှင့် ရှန်းချွယ့်တို့မှာ ဖူမြို့သို့ပဲ တန်းပြန်လာခဲ့ဖြစ်ကြ၏။

စစ်ရိုးမတောင်တန်း အဖြစ်ပျက်က အတော်လေး ဂယက်ရိုက်သွားစေသည်။ လော့ဖုန်း၏ ပြန်လည်ဝင်စားရေးလုပ်ငန်းစဉ် ကြီးကြပ်မှုအပိုင်းမှာလည်း ဖိအား များစွာ တိုးလာခဲ့စေ၏။ သို့သော် ကံကောင်းထောက်မသွားတာတစ်ခုက ရှန်းချွယ််ဖက်မှ နေ၍ ၎င်းတို့ ကုမ္ပဏီကို ပြန်မရောက်ခင်အချိန်ကတည်းက ဖုန်းကောလ်မှ တစ်ဆင့် ပြဿနာ ဖြေရှင််းရေး အစည်းအဝေး ကျင်းပထားခဲ့နှင့်သောကြောင့်ပင်။

ထိုကျေးဇူးကြောင့်နှင်် ၎င်းတို့ ကုမ္ပဏီကို ပြန်ရောက်သွားသည့်အချိန်မှာ ကုမ္ပဏီအသိုင်းအဝိုင်းတစ်ခုလုံး ကိုယ်စီ ကိုယ်စီ အလုပ်များ ရှုပ်နေခဲ့ကြသည်။
သို့သော် ထူးဆန်းဖို့ကောင်းသည်က ကိုယ့်အလုပ် သူ့အလုပ် ရှုပ်နေကြသည့်တိုင်အောင် အရင်တုန်းကလို ပွက်လောရိုက် ဗြောက်သောက် ဗွက်ထနေခြင်းမျိုး မရှိကြ။ အရာရာက သူ့အလိုလို ဖြောင့်ဖြောင့်ဖြူးဖြူး ပြေလည်နေခဲ့လေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now