(Unicode)
ဟုန်ကန့်ထိုရဲ့ ရုတ်တရက်ဒေါသအရှိန်အဟုန်တိုးပွားလာမှုကြီးက ပြန်လည်၀င်စားရေးခန်းမကြီးထဲ ပွက်လောရိုက်သွားစေသည်။
အစပိုင်းတုန်းက သေသေချာချာလေး တန်းစီနေခဲ့ကြတဲ့ တစ္ဆေများကပင် ဖရိုဖရဲတွေဖြစ်ကုန်ကြ၏။
သို့သော် ဟုန်ကန့်ထိုလို မျက်နှာတစ်ခုလုံး အစိမ်းရောင်သန်းနေပြီး ချွန်ထက်ထက်သွားတွေရှိတဲ့ သူတစ်ယောက်ထက်.... ခန်းမတွင်း ဟိုဟိုဒီဒီပြေးလွှားနေကြတဲ့ ပုံသဏ္ဍာန်စုံ ဆိုဒ်စုံအရွယ်စုံ သရဲတစ္ဆေများက ပိုလို့တောင် ကြောက်ဖို့ ကောင်းနေတာပင်။
စိတ်လှုပ်ရှားနေတဲ့ လူအိုကြီး!! ကျေးဇူးပြုပြီး ပြေးတာကို ကိုယ့်ခြေထောက်တွေကို ဖြုတ်ပြီး လက်မောင်းနှစ်ဖက်နဲ့ညှပ်ရင်း မပြေးပါနဲ့လား??!
စတိုင်ကျတယ် ထင်နေတာလား...ဟုန်ကန့်ထိုမှာ ကြောက်မက်ဖွယ်အသွင်ကြီး မျက်နှာထက် ချိတ်ဆွဲထားလျက်....
သူ့ရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးကလည်း ကြီးသထက်ကြီးလာကာ သူ့ပါးစပ်ပေါက်ကြီးက နားရှိရာထိ ပြဲတက်သွားသည်။
ပါးစပ်ပြဲကြီးဆီက စီးကျနေတဲ့ သွားရည်များက တွဲကျနေပြီး သတ်ချင်ဖြတ်ချင်နေသည့် သွေးပင်လယ်လို နီရဲနေသော မျက်လုံးများဖြင့် ယွိကျန်းတုရှိရာဆီ တည့်တည့်မတ်မတ် ကြည့်လာခဲ့သည်။သူ့အသံက ကြမ်းတမ်းနေလျက် သွေးဆာနေဟန်ရှိပြီး
"ငါ လူမသတ်ရတာကို ကြာလှပြီ...ဒီခံစားချက်လေးကို ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ?""ဆုတောင်းလေ! ခင်ဗျား..."
ယွိကျန်းတု လူက သူဌေးနောက်မှာ ၀င်ပုန်းရင်း သူ့ခေါင်းကို သူဌေးရဲ့ ပုခုံးနောက်က ခုန်ထွက်ကာ ပြောလိုက်သည်။
"သူဌေး...မြန်မြန်လေး...အခုက နေ့လည်စာစားဖို့ အကောင်းဆုံးအချိန်ပဲ!"ရှန်းချွယ့် :"............"
ရှန်းချွယ့်ကား တုပ်တုပ်မလှုပ်။ ခေတ္တခဏကြာပြီးကာမှ သူက ပါးစပ်ကို ဖွင့်ဟရင်း ဆိုလာခဲ့သည်။
"ငါ အဲ့တာကြီးတော့ မစားနိုင်ပါဘူး..ဒီလောက် ကြည့်ရဆိုးတာကြီးကို"ယွိကျန်းတု ခေါင်းခဲသွားရသည်။
"အခုက ချေးများနေရမယ့်အချိန် မဟုတ်ဘူးလေ"