-113- (လက်မှတ်ရဖို့အရေး တိုက်ပွဲဆင်နွှဲရခြင်း)

751 152 2
                                    

(Unicode)
အတင်းအဖျင်း ဖိုရမ်

ခေါင်းစဉ် : ငါ ကြုံတွေ့ခဲ့ရတဲ့ အရမ်းကိုမှ ထူးဆန်းအံ့ဖွယ် အိပ်မက်တစ်ခုအကြောင်း လာရှဲတာ

အထပ်ပိုင်ရှင် : ဖြစ်ပုံက ဒီလို။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ငါ အိပ်မက်ဆိုးကြီးတစ်ခုတည်းကိုပဲ ဆက်တိုက် ထပ်ကာထပ်ကာမက်‌ခဲ့တာ..
အိပ်မက်ထဲမှာ လူတစ်ယောက်က သူ့ရဲ့သက်တမ်းကို ဆွဲဆန့်ဖို့အတွက် ငါ့ရဲ့ ဘ၀သက်တမ်း‌ထဲက နှစ်ကာလတွေကို ချေးပေးဖို့ ပြောလာတယ်..
အိပ်မက်က လုံး၀ကြီး အပြင်မှာ ဖြစ်နေတဲ့အတိုင်းပဲ အိပ်ရာက နိုးလာရင်တောင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးတဲ့အထိ။
အစတုန်းကတော့ ငါလည်း ထူးဆန်းနေတာနဲ့ သဘောမတူခဲ့လိုက်မိဘူး
ဒါပေမဲ့ ရက် ဆက်တိုက်ကြီးဖြစ်လာတဲ့အချိန်ကျတော့ ငါလည်း ခံနိုင်ရည်မရှိတော့တာနဲ့ တစ်ဖက်ကလူတောင်းဆိုလာတာကို လက်ခံလိုက်မိသွားတယ်
ငါ့ဖက်က သဘောတူလိုက်တာနဲ့ ချက်ချင်းပဲ အဲ့ဒီလူက ရုတ်တရက် စာချုပ်တစ်ခုကို ထုတ်ပြလာပြီး လက်မှတ် ထိုးဖို့ပါ ထပ်ပြောလာပြန်ရော..
ငါလည်း တွေးလိုက်တာပေါ့..အော် ကိုယ်တိုင် လက်ခံပြီးသား ဖြစ်နေမှတော့ အခုနေမှ ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းလိုက်ရင် မျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာဆိုးတာနဲ့ ရှင်းရှင်းပြောရရင် လက်မှတ်လည်း ထိုးပေးလိုက်မိတယ်ပေါ့ကွာ..ဒါပေမဲ့ ငါ လက်မှတ်ထိုးပြီးသွားတော့ အိပ်ရာက နိုးလာတဲ့အချိန် ဘယ်လိုပဲတွေးကြည့်တွေးကြည့် လူက ကြက်သီးတွေပါထပြီး ခြောက်ခြားလာလို့..
အခု ပြောသလောက်ပဲ ဖတ်ကြည့်ရင်တောင် အရမ်း လက်တွေ့ဆန်နေတယ် မထင်ကြဘူးလား
အဲ့လိုအိပ်မက်ဆိုးကြီးပဲ နောက်ထပ် ထပ်ပြီး မက်နေဦးမှာဆိုးတာနဲ့ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ စီအီးအိုရဲ့ ဈေးပလက်‌ဖောင်းပေါ်ကနေ ကျောက်စိမ်းတုံး သွား၀ယ်လိုက်တာပဲ..

အထပ် ၁ : အိပ်မက်က ဘယ်လိုပဲ ကြည့်ကြည့် အရမ်းထူးဆန်းလွန်းနေတယ်နော်

အထပ် ၂ : အထပ်ပိုင်ရှင် စိုးရိမ်နေတဲ့အရာက လမ်းမလွဲနေဘူးလား...
အိပ်မက်ဆိုပေမယ့် အိပ်မက်ထဲကလူက ကိုယ့်ရဲ့ နေထိုင်ရမယ့် ဘ၀သက်တမ်းကို လာချေးပါတယ်ဆှိမှ မျက်နှာပျက်စရာတွေဖြစ်ကုန်မှာဆိုပြီး လက်ခံလိုက်တယ်တဲ့လား?
အခုလည်း အဲ့လိုအိပ်မက် နောက်ထပ် မက်လာမှာကို စိုးရိမ်နေတာ? ဘ၀သက်တမ်းပါသွားတာကို စိုးရိမ်ရမှာမဟုတ်ဘူးလား?

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now