(Unicode)
စစ်ရိုးမတောင်တန်း၏ တောနက်တစ်နေရာက ဧရာမလိုဏ်ဂူကြီးတစ်ခုထဲတွင်။မည်သူမည်ဝါမှန်း မကွဲပြားနေသော သူတစ်ယောက်က ကျောက်တုံးနံရံတစ်ခုလုံးစာ နေရာယူထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းရုပ်ထုတစ်ခုအောက်တွင် ခြေချိတ်ထိုင်နေခဲ့ပေသည်။
အနေအထား တင်းမာနေလျက် ထိုသူက ၎င်း၏ မျက်နှာချင်းဆိုင်ရှိ လူအား ကြည့်လာခဲ့သည်။ရှန်းချွယ့်သည်ကား လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထောင်ထဲတွင် ထည့်ထားလျက်။တစ်ဖက်လူရှေ့မှာ ပေါ့ပေါ့ပါးပါး မျက်နှာချင်းဆိုင် ရပ်နေခဲ့လိုက်ပြီး မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ပြောလာခဲ့ပေသည်။
"ရပ်တန်းက ရပ်ချိန် တန်ပြီ ဘုရင်ချင်းကွမ်"
လော့ဖုန်းတောင်၏မူလအရှင်သခင်...
မြောက်ပိုင်း၏ ဖုန်းတု ဧကရာဇ် လက်အောက်၌ကား အမိန့်နာခံသော ယမမင်းဆယ်ဦး ရှိခဲ့ပေသည်။ပထမဆုံးတရားခွင်၏ ယမမင်းမှာ ချင်းကွမ် ဘုရင် ဖြစ်လေသည်။ ထိုသူ၏ တာဝန်မှာ လူ့အသက်နှင့် သေဆုံးခြင်းများကို စီရင်ရသည့်အပြင် မြေအောက်လောက၏ ကံကောင်းခြင်း၊ ဆုတ်ယုတ်ခြင်းများကို ထိန်းချုပ်ရသူလည်း ဖြစ်နေပြန်သည်။
ယခုချိန်မှာမူ သက်ရှိ သတ္တဝါ အားလုံး၏ တရားမျှတမှုအား အလေးအနက် ထားရမည် ဖြစ်သော ယမမင်းမှာ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့ချေပြီ။ ထိုသူမှာ ရူးသွပ်နေသော ရာဇဝတ်သား တစ်ယောက်သာ။
'ကျန်း'သည်ကား နှာခေါင်းရှုံ့လာ၏။
"အခုမှတော့ နောက်ကျသွားပြီ""ဘယ်လောက်မှ နောက်မကျသေးဘူး"
ရှန်းချွယ့်က စာနာထောက်ထားခြင်းမရှိ တည့်တိုး ပြောလိုက်လေသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်ကို မနှိမ်နင်းနိုင်ပါဘူး"ကျန််း မှာ ပြောစရာ ပျောက်ရှသွားပြီးနောက် ဆက်လက်နှိပ်ကွပ်လာခဲ့တော့သည်။
"မင်းကတော့ နည်းနည်းလေးမှ မပြောင်းလဲသွားဘူးနော်...အရင်လို ကျက်သရေတုံးမြဲ တုံးနေဆဲပဲ""အင်း"
ရှန်းချွယ့်မှာ မိမိအား ပန်းနှင့် ပေါက်ခံနေရသည့်အလား။
"ခင်ဗျားကတော့ အများကြီးပြောင်းလဲသွားတယ်.....မြေအောက်လောကရဲ့ လူအများ လေးစားအားကျရတဲ့ ယမမင်းအဖြစ်ကနေ ဘာသာရေးအစွန်းရောက် ဖြစ်သွားတာလေ...
ရွှေထီးဆောင်းခံရတဲ့ ဘဝကနေ ချီးတွင်းထဲ ကျသွားတယ် ပြောရမလား"