-91- (စုဆောင်းသူ အကြီးစားကြီး)

1.5K 286 30
                                    

(Unicode)
ရှန်းချွယ့်က ပန်းချီကားကို ထုတ်ရောင်းလိုစိတ် မပေါ်နေသည့်ပုံကို မြင်ပြီး ကျန်း‌ဝေ့ ထင်လိုက်မိတာက‌
အော် ဒီလူကတော့ အမှန်တကယ်ကို တန်ဖိုးထားလွန်းလို့
ပန်းချီကားကို ကိုယ့်အပိုင်အဖြစ်ပဲ ထားချင်လို့
ဒါမှမဟုတ်လည်း ပန်းချီကားကို ဒီထက် ဈေးကောင်းကောင်းနဲ့ ရောင်းချင်လို့
တစ်ခုမဟုတ် တစ်ခုထဲက ဖြစ်ရမည်လို့သာ တွေးလိုက်ခြင်းပေ ။

သူတွေးသည်ကလည်း မဆန်း။
ရောက်ရှိနေတဲ့အသိုင်းအဝိုင်းမှာက အခုလိုအကြောင်းပြချက်တွေက မဆုံမဖြစ် ‌ဆုံဖူးနေကြ ဖြစ်နေသည်ကိုး။
ထိုကဲ့သို့ ကြုံတွေ့လာပါလျှင် ဖြေရှင်းစရာ နည်းလမ်းကောင်းများလည်း များစွာ ရှိပါ၏။

သို့ရာတွင် သူ မထင်မှတ်ထားခဲ့သည်က
သူ့ကိုတောင် ခပ်မြန်မြန် ငြင်းချသော ရှန်းချွယ့်ဆိုသူက ‌မျက်စိရှေ့တင် ကောက်ကာငင်ကာကြီး သူ့ကုမ္ပဏီက ၀န်ထမ်းဆိုသူ လက်ထဲကို ပန်းချီကားကြီး ကောက်ထိုးထည့်ပေးနေသည်တဲ့လေ။

ကျန်းဝေ့၏ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများမှာ ချမ်းသာလျှင်သာ ချမ်းသာ မချမ်းသာလျှင် စည်းစိမ်ကြွယ်၀ကြသူများချည်း။

သူ့အနေဖြင့် ရက်ရက်ရောရော ပေးကမ်းတတ်သူများနှင့် စိမ်းမနေပါ။
သို့ရာတွင် အမှန်အတိုင်း၀န်ခံရသော် ရှန်းချွယ့်လို အရက်ရော လွန် နေသည့်သူမျိုးတော့ တစ်ခါမှ မဆုံဖူး‌ပါချေ။

တစ်ရာမီလျံတန်သည့် နာမည်ကြီးပန်းချီကားတစ်ချပ်ကို ရော့ အင့် ဆိုပြီး ပေးလိုက်သတဲ့!!
မျက်တောင် တောင် မခတ်....

ထိုတဒင်္ဂမှ မိမိကိုယ်ကို အရာရာ ကြုံတွေ့ဖူးထားသလို အတွေ့အကြုံ လွန်ကဲနေသူတစ်ယောက်အဖြစ် သတ်မှတ်ထားသည့် ကျန်းဝေ့ပင်လျှင် ပါးစပ်ထဲ၌ စာကြောင်းမစီတတ်တော့ချေ။

ယွိကျန်းတုသည်လည်း တုံ့ပြန်သည့် အာရုံကြောစနစ် ခဏတာ ရပ်တန့်သွားသည့်နှယ်။

အရင်တစ်ခေါက်ကတင် သူ့မိသားစု လက်ခံရရှိထားတဲ့ စဉ့်ရည်သုတ်ယုန်မွှေး လက်ဖက်ရည်ခွက်များအကြောင်းကိုလည်း တွေးကြည့်မိသွားသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now