(Unicode)
(T/N : Sorry for the inaccuracies this episode may have caused.I will explain the reason thoroughly at the end of the chapter)
ထိုရက်တွင် ယွိကျန်းတုသည်ကား ကုမ္ပဏီခွဲဖက်က တွေ့ဆုံရေးခန်းထဲတွင် အစည်းအဝေးကျင်းပလျက် ရှိနေခဲ့သည်။ ရုတ်တရက် အခန်းပြင်ပ၌ ရုတ်ရုတ်သဲသဲ ဖြစ်သံတို့ကို ကြားလိုက်ရ၏။
စီမံရေးရာအဖွဲ့မှ မိန်းကလေးတစ်ယောက်က အခန်းတံခါးအား အလောတလျင် လာခေါက်ခဲ့လေသည်။"ယွိကော....ရှင့်ရဲ့ ဘဲမကြီးတော့ ရူးသွားပြီ"
ယွိကျန်းတု၏ မျက်နှာထက်မှာ question mark တို့ပေါ်ချလာ၏။ အစည်းအဝေးလုပ်လက်စ တန်းလန်းအနေအထားနှင့်ပင် နေရာမှ မတ်တပ်ထရပ်၍ အပြင်သို့ သုတ်သုတ်ပျာပျာ ထွက်လိုက်ရုံရှိသေး သူရှိနေတဲ့နေရာသို့ နီးသထက် နီးလာတဲ့ ဘဲအော်သံ "ကွက် ကွက် ကွက်" များကို ကြားလိုက်ရပေသည်။
အသံလာရာဘေးပတ်လည်တွင်မူ လုပ်ဖော်ကိုင်ဖက်များက ဝိုင်းနေလျက် ဖရိုဖရဲ။ သူ ရောက်လာတာကို သတိထားမိသည်နှင့် ထိုလုပ်ဖော်ကိုင်ဖက်များက သူ့ထံသို့ လက်ယက်အော်ခေါ်လာခဲ့ပေသည်။
"ခေါင်းဆောင် မြန်မြန်လေး လာပါဦး....
ခင်ဗျား ဘဲကြီး သရဲစီးခံလိုက်ရပြီထင်တယ်"နောက်ထပ် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကမူ ဘဲမကြီးအား ငြိမ်အောင် ထိန်းကွပ်လျက်။ သို့ရာတွင် ယွိကျန်းတု အနားကပ်လာသည့်အခါ ထိုလုပ်ဖော်ကိုင်ဖက်မှာ ဘဲအတောင်ပံဖြင့် မျက်ခွက်ဖြတ်ရိုက်ခံလိုက်ရသည်။ နောက်ထပ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်းပဲ ထိခိုက်ဒဏ်ရာရသွားသေး၏။
ထိုသူ၏ "အား" ခနဲအော်သံကြီးမှာ ရုံးခန်း ထောင့်နေရာလပ်မကျန် ပျံ့နှံ့သွားခဲ့လေသည်။
ထိုသူက မျက်ရည်များ ဝဲလျက်ဖြင့်...."ဒီဘဲ တအား ရက်စက်ချက်"
ယွိကျန်းတု :"..............."
သူအနားသို့ တိုးကပ်သွားလိုက်ကာ အခြေအနေကို သွားစစ်ဆေးကြည့်ပေးရသည်။ ဘဲမကြီးမှာ လွန်စွာမှ စိတ်လှုပ်ရှားနေဟန်။
သူ ရောက်လာတာကို မြင်မြင်ချင်းပဲ အတောင်ပံများကို အရှိန်တိုး၍ ခပ်ပြင်းပြင်း လှုတ်ခတ်လာသေးသည်။
ထို့နောက် သူမ၏ အသိုက်အား စက်ဝိုင်းပုံသဏ္ဍာန် ပတ်ပြလာ၏။