(Unicode)
(T/N : ဒီတစ်ပိုင်းရဲ့ခေါင်းစဉ်က တစ်ပိုင်းလုံးကို စပွိုင်းသလို ဖြစ်နေလို့ အောက်ဆုံးကျမှပဲ ထည့်ပေးထားပါတယ်)ယွိကျန်းတုမှာ ဝူချီမြို့ရဲ့ နောက်ဆုံးသော ကျန်ရစ်သူလေးတစ်ယောက် ရှန်းချွယ့်လက်ချက်နှင့် သေသွားမည်ကို စိုးထိတ်သွားခဲ့ရသည်။
သို့နှင့် သူကပဲ ခပ်သွက်သွက်လေး ဝူချီမြို့သား၏ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ရပြီး ရှန်းချွယ့်ကိုပဲ လက်ဆွဲခေါ်ကာ ဟိုတယ်ခန်းထဲသို့ ၀င်သွားလိုက်၍
တောက်ဓမ္မကိုယ်တော်များအုပ်စုကို ပါးစပ်အဟောင်းသား ပစ်ချန်ခဲ့လိုက်သည်။ဝူချီမြို့သားက လက်မလျှော့သေးဘဲ တောက်ဓမ္မကိုယ်တော်တို့ထံသို့ လှည့်မေးလာလေသည်။
"အဲ့တော့ *သေချင်လို့လား* လို့ ရေးတဲ့ နည်းလမ်းလေးမျိုးဆိုတာ ဘာကြီးလဲ?"တောက်ဓမ္မကိုယ်တော်များမှာလည်း အကန်းက အကန်းကို ဦးဆောင်ပေးနေသလို ဇဝေဇဝါဖြင့် ဖြေလာခဲ့၏။
"သေတယ်ဆိုတဲ့စကားလုံးကို ရေးတဲ့နည်းက မျိုးစုံရှိတာမဟုတ်ဘူးလား?"ယွိကျန်းတုနှင့် ရှန်းချွယ့်တို့မှာ ဟိုတယ်ခန်းထဲတွင်။
ယွိကျန်းတုအနေနဲ့ ထင်ခဲ့လိုက်မိတာက ရှန်းချွယ့်တစ်ယောက် ဝူချီမြို့သားအား မပြီးနိုင်မစီးနိုင် ထပ် ဆဲနေလောက်ဦးမည်လို့။ သို့သော် မထင်မှတ်ထားစွာ ရှန်းချွယ့်မှာမူ အခန်းထဲရောက်လာကတည်းက ရေငုံနှုတ်ဆိတ်လုပ်နေခဲ့လေသည်။ သူ၏ မျက်နှာထက်လည်း တစ်ခုခုကို တွေးတောကြောင့်ကြနေဟန် ပေါ်၏။
ယွိကျန်းတုလည်း တစ်ခုခုက လွဲချော်နေကြောင်းကို သတိထားမိလိုက်ပြီးနောက်မှာ မေးကြည့်လိုက်ရသည်။
"ဘာဖြစ်လို့လဲ?""ဝူချီမြို့သား ပြန်လည်ရှင်သန်လာတယ်..."
ရှန်းချွယ့်၏ စကားသံမှာ အဓိပ္ပါယ်အနက်တစ်မျိုး ပါ၀င်ခဲ့ပေသည်။ယွိကျန်းတု :"ပြဿနာတစ်ခုခုရှိနေလို့လား?"
"သေပြီးသွားတဲ့အခါကျရင် ဝူချီမြို့သူမြို့သားတွေရဲ နှလုံးက ဆွေးမြေ့မသွားဘူး
မြေမြုပ်ခံရပြီး နှစ်ပေါင်းရာနဲ့ချီ ကြာသွားခဲ့ရင်တောင်
ပြန်ပြီး ရှင်သန်လာနိုင်တယ်"