-89- (CEO က ရှေးဟောင်းပစ္စည်းတွေအကြောင်း နားမလည်ပါ)

1.7K 318 16
                                    

(Unicode)

ဖုန်းမှတစ်ဆင့် ရှန်၀မ်ရုန်က ရှန်းချွယ့်အား ယခု စုန့်ပြည်ထောင်စု ရှေးဟောင်းပစ္စည်းများခင်းကျင်းပြသပွဲ ကြီးက ပုဂ္ဂလိက အခမ်းအနားတစ်ခု ဖြစ်လာမည့်အကြောင်း ပြောပြလာခဲ့သည်။

ယွိကျန်းတုနှင့် ရှန်းချွယ့်တို့ မြို့တော်ကို ရောက်လာသည့်အခါ အခမ်းအနားမှာ ဘယ်နားက ကြည့်ကြည့် ပုဂ္ဂလိက မဆန်နေကြောင်း ကွက်ကွက်ကွင်းကွင်းလာတွေ့ရသည်။

ပွဲကို တက်ရောက်သည့် ဧည့်သည်အရေအတွက်မှာ မထင်မှတ်ထားလောက်အောင် များပြားလှပေသည်။
သမိုင်းပညာရပ် နယ်ပယ်က နာမည်ကျော်ပညာရှင်များသာ မကဘဲ များစွာသော သူဌေးများ၊ စီးပွားရေးသမားများလည်း တက်ရောက်ကြသေး၏။

ခမ်းနားလှသော ကားများဖြင့် အကြိုအပို့လုပ်ခံရသော ဧည့်သည်များထက် စာလျှင် ယွိကျန်းတုနှင့် ရှန်းချွယ့်တို့မှာ အရမ်းကို နှိမ့်ချချွေတာနေပုံပေါက်နေခဲ့သည်။

၎င်းတို့က လေဆိပ်ဆင်းတာနဲ့ တက္ကစီ ငှားစီးပြီး လာခဲ့ကြသည်ကိုး....

တစ်ခုကံကောင်းသွားတာ‌ကတော့ နှစ်ယောက်စလုံး၏ ပြစ်မျိုးမှည့်မထင် လှပချောမောနေမှုများက အိန္ဒြေသိက္ခာကို ဆယ်ပေးလိုက်သလို ဖြစ်သွားခဲ့ခြင်းပင်။

အထူးသဖြင့် ရှန်းချွယ့်။
ထိုသူက ပါးစပ်မဟ‌သရွေ့ ချောမောမှုတို့က တိုင်းတာနိုင်စွမ်း၏ အလွန်။

ဘယ်နေရာမှာပဲ မတ်တပ်ရပ်နေပါစေ လူတိုင်းရဲ့ အာရုံကို ဖမ်းဆွဲနိုင်စွမ်း ရှိနေပေသည်။

အခမ်းအနား၏ တည်နေရာကား ညီလာခံကျင်းပ‌ရာ နာမည်ကြီး စင်တာကြီးတွင် ဖြစ်လေသည်။
ယွိကျန်းတုနှင့် ရှန်းချွယ့် တို့ ရောက်သည့်အခါ ရှန်၀မ်ရုန်၏ လက်ထောက်က လာကြိုပေးခဲ့သည်။

"အခုလောလောဆယ် ပါမောက္ခရှန်နဲ့ သူ့ဆရာ လူကြီးမင်း၀မ်တို့က မီဒီယာတွေဆီကနေ အင်တာဗျူးခံနေရလို့ပါ...
ထွက်လာဖို့ မလွယ်တာနဲ့ ကျွန်တော့်ကို အရင်လွှတ်ပြီး လာကြိုခိုင်းလိုက်တာ"

လက်ထောက်က သူတို့ကို ဦးဆောင်ခေါ်သွားပေးရင်း ပြောလာခဲ့လေသည်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now