(Unicode)
အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ် တစ္ဆေ၏ မျက်လုံးကျယ်ကြီးများထံမှ အမည်းရောင် အရည်ပစ်ပစ်များက မျက်ရည်အသွင်စီးကျလာပြန်သည်။
သူ၏ လက်မောင်းများကလည်း ဒိုင်နိုဆော T-Rex အမျိုးအစားလို ပုတိုတိုဖြစ်ကာ မျက်ရည်ကိုပင် လှမ်းသုတ်ဖို့ မမီနိုင်ဖြစ်နေခဲ့ရသည်။
"မင်းက လွန်တယ်ကွာ ငါ့ကို သပ်သပ်ကြီး နှိမ်တာ...."
ယွိကျန်းတုလည်း သူ့စကားတစ်ခွန်းလောက်ကို ဒီတစ္ဆေက ဆန်းဆန်းတင့်သွားလိမ့်မယ်လို့ မထင်မိခဲ့ချေ။
သူပျာပျာသလဲဖြင့် ရှင်းပြရ၏။
"နေ နေနေဦး ငါပြောချင်တဲ့ အဓိပ္ပါယ်က အဲ့လိုမဟုတ်ဘူး
ဒီတိုင်း ငါက မင်း ငါ့ကို စား ပစ်မှာ စိတ်ပူလို့ ပြောလိုက်တဲ့သဘောပါ...."အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ် တစ္ဆေ
က ထိုနှစ်သိမ့်စကားနှင့်ကျမှ အငိုတိတ်သွားခဲ့၏။
သူက တစ်ဖက်လူအား စူးစူးဝါးဝါး ဆက်စိုက်ကြည့်ပြီးနောက်မှာတော့ ရုတ်တရက် ထ မေးလာလေသည်။"မင်းက တိုင်းတစ်ပါးသား တစ္ဆေလား?"
"ဘာလို့လဲ ငါ့အသံက ဒေသိယသံ မပေါက်လို့လား"
"အဲ့လို ပြောချင်တာမဟုတ်ဘူး"
အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ် တစ္ဆေက ပြန်ရှင်းပြလာသည်။
"တိုင်းတစ်ပါးသား တစ္ဆေတွေပဲ သူတို့ကိုယ်သူတို့ အစားခံရမှာဆိုပြီး တွေးကြောက်တတ်ကြတာ
ဒီက နယ်ခံ တစ္ဆေတွေပဲဆို ငါတို့က ဘာမှ စားလို့မရဘူးမှန်း တန်းသိကြတယ်......
ပြောရင်းကို ဗိုက်ဆာတာကွာ...."သူက ရှင်းလက်စ တန်းလန်းကြီးနှင့်တင် ထ ငိုပြန်သည်။
သူ့မျက်နှာ၌ မျက်ရည်များ စီးကျလျက်က ယွိကျန်းတုလက်ထဲက နို့လက်ဖက်ရည်ခွက်များကိုလည်း အကြည့်မပျက်ချေ။"ငါ အရမ်း ဗိုက်ဆာနေတယ်ကွာ... မဟားတရားကို တစ်ခုခု စားပစ်လိုက်ချင်နေပြီ
ဒါပေမဲ့ စားလို့ကလည်း မရပြန်ဘူး ဝူးဝူးဝူး""မငိုပါနဲ့ တိတ် တိတ်"
ယွိကျန်းတုမှာ သူ့မျက်စိရှေ့က တစ္ဆေအား ကလေးပေါက်စနလေးလို မြင်ယောင်လာလေသည်။
လုံး၀ ရင့်ကျက်သည့် အရိပ်အယောင်မရှိ။