{အပေါ်ပုံလေးကတော့ ကျိုးရှီယန် ငယ်ငယ်တုန်းကပုံလေးပါ}
Unicode
_________ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား
ကောင်လေးနှစ်ယောက်ဟာ canteen မှာနေ့လည်စာစားပြီး ကျောင်းခေါင်မိုးထပ်တွင်ရှိနေကြသည်
" wow..အရမ်းမိုက်တယ် ဒီလိုမျိုးတိတ်ဆိတ်နေတဲ့နေရာမှာနေရတာတကယ်ကိုလွတ်လပ်တယ်လို့ခံစားရတယ်...ရှီယန် မင်းရောဘယ်လိုခံစားရလဲ? "
" အင်း..တိတ်ဆိတ်နေတော့နေရတာအေးချမ်းတယ်လိုခံစားရတယ်...ဆူညံနေတဲ့နေရာမှာဆို နားလည်းပူတယ် စိတ်ရှုပ်ဖို့လည်းကောင်းတယ် "
" ဟုတ်တယ်..မင်းပြောတာမှန်တယ် ရှီယန် "
" အင်း.. "
(အင်းးး..ဝတ္ထုထဲကဇာတ်လမ်းအရဆိုရင် ဒီနေရာမှာ ကျောင်းသူလေးတစ်ယောက်ကို ကျောင်းသူလေးတစ်စုကဝိုင်းပြီးအနိုင်ကျင့်နေတာကိုဇာတ်လိုက်မ(ဝမ်ဖေးယာ)ကတွေ့ပြီးဝင်ကူညီတဲ့အခန်းပဲ အမ်... ဖြစ်နိုင်ချေက ဒီနေ့ နေ့လယ်စာစားချိန်ဖြစ်နိုင်တယ် ဇာတ်လိုက်မကကျောင်းခေါင်မိုးထပ်ကနေ ကျောင်းရဲ့ရှူခင်းတွေကိုလာကြည့်တဲ့အချိန် ဟူးးး ထားလိုက်ပါတော့လေ အဲဒါက အဲ့ဒီမြေခွေးအိုမရဲ့ကိစ္စ ငါနဲ့ နည်းနည်းလေးမှကိုမဆိုင်တာ..ဟမ်!! အခုက နေ့လည်ထမင်းစားချိန်မလား??...)" ရှီယန် မင်းဘာတွေစဉ်းစားနေတာလဲ? ဒါမှမဟုတ် အသစ်ရောက်လာတဲ့ ဆရာမအကြောင်းလား? "
" ရှောင်အော် ရာ ငါကဘာလို့အဲ့ဆရာမအကြောင်းကိုစဉ်းစားရမှာလဲ? မဖြစ်နိုင်တာကြီးကို "
" မဖြစ်နိုင်ဘူးတာဆိုတယ်...စာသင်ချိန်တုန်းကဆိုရင် မင်းမျက်လုံးတွေက ဆရာမ ဆီမှာပဲရောက်ရောက်နေတာ...ကဲ အခုရောမင်းဘယ်လိုငြင်းဦးမလဲ? ပြော.. "
ညာဘက်မျက်ခုံးကိုတစ်ချက်ပင့်ပြကာပြုံးစိစိလုပ်နေသောမူလကျိုးရှီယန်ရဲ့သူငယ်ချင်းဖြစ်သူ
(ဟုတ်တယ်.. ကျွန်တော်ကြည့်မိတယ် အဲ့ဒါကလည်း သူ(ဝမ်ဖေးယာ)ကဇာတ်လိုက်မဖြစ်နေတော့ ဘာတွေများထူးခြားနေလို့လဲပေါ့...ဒါပေမဲ့ သာမန်ပါပဲ ရုပ်ရည်ရော အခြားအရာတွေရောသာမန်ပါပဲ ထူးခြားတာလဲမရှိဘူး လုံးဝကိုသာမန်ဘဲ...ဝတ္ထုထဲမှာတော့ဇာတ်လိုက်မကို ဖွဲ့နွှဲ့ထားလိုက်တာများပြိုင်ဘက်ကင်းအလှနတ်သ္မီးတစ်ပါးလိုပဲ...ဒါပေမဲ့အခုတွေ့လိုက်ရတော့သာမန်ထက်မပိုတဲ့ရုပ်ရည်ပဲရှိတယ်)
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...