Chapter -51(Real World)

693 25 2
                                    

Unicode
————

“ အစ်ကိုဟွေ့ ပြန်တော့မို့လား? ”

“ အင်း…အစ်ကိုပြန်တော့မယ် companyကိုပြန်သွားရမှာအဖေတစ်ယောက်ထဲ ”

“ အာ…ဦးလေးဟွေ့ကိုလည်းနှုတ်ဆက်ပါတယ်လို့ပြောပေးပါဦး ”

“ ကောင်းပါပြီ…ဒါဆိုအစ်ကိုသွားပြီ ”

ထွက်သွားတဲ့လူကိုကြည့်ပြီးသူစဉ်းစားနေမိတယ်

အစ်ကိုဟွေ့ကသူ့မိဘတွေရဲ့လူယုံတော်ဦးလေးဟွေ့လန်ရဲ့သား။သူတို့(ဟွေ့)သားအဖနှစ်စလုံးကသူတို့(ကျိုး)မိသားစုအပေါ်ကိုတကယ်သစ္စာရှိကြတယ်။ အခုလည်း company ကိုဦးစီးဦးဆောင်ပြီးလုပ်ပေးနေတာတခါမှအမှားအယွင်းမရှိခဲ့ဖူးဘူး။

ဟူးးး…ငါနေရတာအဆင်ပြေမနေဘူးပဲ

အခုဆိုရင်သူဆေးရုံကဆင်းလာတာ နှစ်ရက်လောက်ရှိပြီ သတိရလာတဲ့နေ့ကပဲဆရာဝန်တွေနဲ့စစ်ဆေးပြီးအဆင်ပြေတာနဲ့တန်းဆင်းလာခဲ့လိုက်တာ။ မနက်ဖြန်ပဲအလုပ်ပြန်လုပ်တော့မှာဖြစ်တယ်

“ ရှီယန် ငါတို့လာတယ် ”

သူကြည့်လိုက်တော့ လော့ဟန်၊ လော့ဟွားနဲ့ အစ်ကိုကျီကွေ့

“ မင်းတို့ လာလေ ”

အကုန်လုံးဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်ပြီးသူကိုယ်တိုင်လည်းဆိုဖာပေါ်မှာသွားထိုင်လိုက်တယ်

“ ဘယ်လိုလဲ? သက်သာရဲ့လား? ”×ဟွား

“ အင်း ”

“ ငါတို့မင်းဆေးရုံမှာတုန်းကလာကြသေးတယ် မင်းသတိမရသေးလို့…ငါတို့လဲအမှုကိစ္စတချို့နဲ့မအားတာနဲ့အခုမှထပ်လာကြတာ ”×ဟန်

“ အမှု?…ဘာအမှုလဲ? ”

“ အာ…အလုပ်သရဲရှေ့ကြကာမှဒါတွေလာပြောမိနေတယ် ” ဟန်

“ အဲ့ဒါအသာထားပါ…အခုအစ်ကိုပြောစရာရှိတယ် ”×ကျီကွေ့

သူ'အမှု'အကြောင်းမေးနေတုန်း'ပြောစရာရှိတယ်'ဆိုကာစရောက်ထဲကဘာမှမပြောပဲတချိန်လုံးငြိမ်နေတဲ့အစ်ကိုကျီ

သူတို့သုံးရောက်လည်ငြိမ်ပြီးတော့သာနားထောင်နေလိုက်တယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now