Chapter -59(Real World)

648 27 0
                                    

Unicode
————

" မောင်လေး??? "

" ဟားးးး "

" ဒီလိုပါ...တကယ်တော့ တို့က အားမင်ရဲ့အစ်မပါ အစ်မနာမ်မည်က ရှန်းချီချီ...အစ်မမောင်လေးကအလုပ်မှာ ချစ်သူကောင်လေးရှိနေပြီဆိုပြီးတော့ ဟော်လန်ကပြောတာကြောင့် အစ်မ‌ကဘယ်လိုပုံစံဖြစ်မလဲဆိုပြီးသိချင်တာကြောင့်လာခဲ့တာ…အဲ့မှာ မမတို့မောင်နှမနှစ်ယောက်စနောက်နေတုန်း ယောင်းမလေးကဝင်လာတော့ မမကအကြံတစ်ခုရသွားပြီး ဝင်မွှေဖို့ဆုံးဖြတ်လိုက်တာလေ ယောင်းမလေးက အားမင်ကိုအဖြေပြန်မပေးရသေးဘူးမလား? ဒါကြောင့်ပါ...ဒါပေမဲ့လည်းမထင်မှတ်ထားစွာပဲ ယောင်းမလေးရဲ့နာမ်မည်က မမရဲ့ဝတ္ထုထဲကနာမ်မည်နဲ့သွားတူနေတာကြောင့် အံ့ဩသွားခဲ့တာပါ နောက်တော့ ယောင်မလေးလည်းသိတဲ့အတိုင်းပဲ...မမရဲ့ဝတ္ထုကပြောင်းလဲသွားခဲ့တယ်လေ…ဒါပေမဲ့ထူးဆန်းစွာပဲဘယ်သူမှပြောင်းလဲသွားကြောင်းကိုမသိကြဘူးလေ အဲ့မှာယောင်းမလေးကမူရင်းကိုသိနေတော့ မမကလည်းတကယ်ဟုတ်မဟုတ်ဆိုတာကိုသိချင်ဇောနဲ့ယောင်းမလေးကိုပြောပြခိုင်းရတာ...မထင်မှတ်ပဲယောင်းမလေးကမူရင်းဝတ္ထုကိုအသေးစိတ်ကအစအကုန်သိနေခဲ့တယ်လေ "

သူမတို့ပြောနေတာကိုကြားပြီးမေးလာတာကြောင့် နှစ်ယောက်သားပြိုင်တူရယ်လိုက်ကာ သူမကပဲရှင်းပြလိုက်ရတယ်။မဟုတ်ရင် သူကြောင့် မောင်ဖြစ်သူစွံမယ့်အရေးနှောင့်နှေးသွားဦးမယ်

သူ့ရဲ့အမေးကြောင့် ထရယ်လိုက်တဲ့သူ့ရဲ့ရှေ့ကနှစ်ယောက်ကြောင့် 'ဘာသဘောလဲ?' ဆိုပြီးတွေးလိုက်မိတယ်။နောက်မှသူမကရှင်းပြလာခဲ့တယ်

" ဪ...ဒါဆို ဟိုလူနဲ့ မမနဲ့က မောင်နှမတွေပေါ့...ပြီးတော့ အဲ့ဝတ္ထုကိုရေးတဲ့ စာရေးဆရာမပန်းကလေးဆိုတာက မမပေါ့ "

" ဒါပေါ့ ကလေးငယ်ရဲ့ ကိုယ်ကမင်းလေးကိုရှင်းပြဖို့လုပ်ပေမဲ့ ကိုယ့်ထက်သွက်တဲ့မမကအရင်ဦးသွားတာကြောင့်ပါ "

" ဒီမှာ ကျုပ်ခင်ဗျားကိုမမေးဘူး မမကိုမေးတာ "

" အာ...ကလေးငယ်ကလည်းကွာ "

သူမရဲ့ရှင်းပြမှုအပြီး‌တွင်တော့ ကိုယ့်ကိုယ်ကိုဒရမ်မာတွေစွတ်ခင်းခဲ့တာကိုတွေးမိပြီးရယ်ချင်သွားတယ်။ပြီးတော့ သူရင်ထဲမှာလည်းပန်းတွေပွင့်နေပြီးသူ့ရဲ့ကမ္ဘာကြီးကလည်းအခုပဲနေရောင်ခြည်နွေး‌နွေးလေးနဲ့သာယာအေးချမ်းသွားသယောင်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now