Unicode
————မင်ရှန်း ဒီနေ့လည်းသူ့ရဲ့သခင်ဖြစ်သူသွားရာနောက်ကိုလိုက်ရပြန်တယ် ။ သူသိပါတယ် သခင်ဘယ်ကိုသွားမလဲဆိုတာကို ။ သူ မသွားစေချင်ပေမဲ့လဲ သူ့မှာတားပိုင်ခွင့်မှမရှိဘဲ သခင်သွားရာနောက်ကို တကောက်ကောက်လိုက်ပြီးကာကွယ်ပေးရမှာကသူ့ရဲ့တာဝန်ပေပဲမလား။ သူရဲ့တာဝန်မဟုတ်ရင်တောင် နှလုံးသားရဲ့စေညွှန်ရာအတိုင်း ထိုလူသားလေးကိုကာကွယ်စောင့်ရှောက်မှာပဲ ။
သခင်ချစ်နေတဲ့ ကောင်လေး(ရှီယန်)ရှိရာကန်တင်းကိုရောက်တော့ နေ့လယ်စာစားဖို့ပြင်နေတဲ့ ထိုကောင်လေးက သူတို့ကိုတွေ့တော့အလိုမကျတဲ့ပုံစံပြောင်းသွားပြီး သူ့နေ့လယ်စာသူထိုင်စားနေတယ်။ အဲ့ဒါကိုသခင်လေးကအနားသွားပြီးအဖြေသွားတောင်တော့ရင့်ရင့်သီးသီးတွေပြန်ပြောလာတယ်။
သခင်လေးလိုလူမျိုးကိုဘယ်သူမှအဲ့လိုမဆက်ဆံမကြဘူး ထိုကောင်လေးကလွဲရင်ပေါ့ ။ တမင်သက်သက် attention ရအောင်ပဲလုပ်နေတာလားဆိုပြီးတွေးမိတယ် ။ အခုခေတ်ကအဲ့လိုပုံစံတွေနဲ့ချင်းကပ်ကြတာတွေချည်းပဲလေဟုတ်တယ်မလား?? ဒါကြောင့်သူထိုကောင်လေးကိုသိပ်သဘောမကျပါ ။ သခင်လေးနားကိုအကြံနဲ့ကပ်တာဆိုရင် ပြီးတော့ သခင်လေးကသာထိုကောင်လေးကိုတကယ်ချစ်ခဲ့တာမှန်ရင် သခင်ပဲခံစားရမှာမဟုတ်ပါလား
ဒါကြောင့် သူထိုကောင်လေးကို စိုက်ကြည့်နေမိတယ် ။ ထိုအချိန်ရုတ်တရပ် သူကြားလိုက်တဲ့စကားကြောင့် တစ်ကိုယ်လုံးမှာရှိတဲ့အမွှေးတွေအကုန်ထောင်သွားသလိုကိုခံစားလိုက်ရတယ်
“ အဟက် ဒီမှာ ခင်ဗျားအဲ့လိုမပြောခင် အနောက်ကလူကိုလဲကြည့်လိုက်ဦး ထိတာနဲ့ပေါက်ကွဲတော့မဲ့ အက်တမ်ဗုံးလိုပဲ ကိုယ့်ဘေးနားကလူကိုသာအရင်မြင်အောင်ကြည့်လိုက်ဦး ”
“ ဘာကိုလဲ??? ”
ကောင်လေးပြောလာတဲ့စကားကဘာကိုရည်ညွှန်းလဲဆိုတာကိုသေချာမသိပေမဲ့ သေချာတာတစ်ခုကတော့ ရှန်းကိုပြောနေတယ်ဆိုတာကိုတော့သူသိတယ် ။ ဒါကြောင့်ကောင်လေးကိုပြန်မေးလိုက်တယ်
သူ(ကျိုးရှီယန်)ပြောလိုက်တဲ့စကားကြောင့်စိတ်ရှုပ်ထွေးသွားပုံပေါ်ကာပြန်မေးလာတဲ့ ရှေ့ကလူကတကယ်ကိုတုံးတာပဲ ဒီလောက်သိသာနေတဲ့ဟာကို သူမို့လို့မသိတယ်
ESTÁS LEYENDO
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...