Chapter -12

1.1K 37 0
                                    

Unicode
————

B City ရဲ့လမ်းမထက်တွင်ပြေးလွှားနေသောလူတစ်ယောက်
ထိုလူရဲ့နောက်တွင်လည်းအယောက် ၂၀ထက်ပိုသောအနက်ရောင်ဝတ်လူများကပြေးလိုက်နေကြလေသည်
ထိုလူလည်းပြေးနေရင်းနဲ့ သူ့ရှေ့မှာရှိနေတဲ့ကားတံခါးဟာဖွင့်လာတာကြောင့် ထိုကားပေါ်ကိုသာအမြန်တက်လိုက်ပြီး မောင်းနှင်ခိုင်လိုက်တယ်

“ အမြန်မောင်း အမြန်မောင်း ”

Driver : ........

“ ဟာ ဘာကြည့်နေတာလည်း မြန်မြန်မောင်‌ပါဆိုနေ ”

လူတစ်ယောက်ကကားထဲကိုအတင်းဝင်လာပြီး ကားကိုအမြန်မောင်းထွက်ခိုင်းနေတာကြောင့် သူ့ရဲ့သူဌေးကိုကြည့်လိုက်တော့ ခေါင်းညိတ်ပြလာတာနဲ့ ထိုလူပြောတဲ့အတိုင်းကားကိုမောင်းပေးလိုက်တယ်

ဒီလိုနဲ့ပဲအနှီးကားဆိုဖြင့်လမ်းထက်ပေါ်တွင်မောင်းနှင်လို့နေလေသည် ။ မောင်းနှင်နေရင်းလူရှင်းတဲ့နေရာအရောက်တွင်တော့ ထိုကားလေးဟာလည်းရပ်တန့်သွားတော့တယ်။ရပ်တန့်သွားသည်နှင့် ထိုကားလေးထဲရှိလူတစ်ယောက်ဟာထွက်လာပြီး လမ်းကြားတစ်ခုထဲထို့ခြေတင်သုတ်ပြေး‌ဝင်သွားတော့သည်

ဦးလေးကျုံး : သခင်လေး ဘာလို့အဲ့လူကိုခွင့်ပြုလိုက်တာလဲ

“ ဘာမှမဖြစ်ပါဘူး ဦးလေးကျုံးရာ အကူအညီလိုလို့ကူညီလိုက်ရုံပါပဲ company ကိုပဲပြန်မောင်းပေးပါ ”

ဦးလေးကျုံး : သိပါပြီသခင်လေး

မုရင်ထန်း company ရှေ့ ကိုရောက်တော့ကားပေါ်ကဆင်းမယ်ဆိုပြီး တံခါးဖွင့်လိုက်တော့ လူတစ်ယောက်က ကားထဲကိုအတင်းဝင်လာပြီး ကားကိုအမြန်မောင်းခိုင်းနေတာကြောင့်ဦးလေးကျုံးကသူ့ကိုလှည့်ကြည့်လာတယ် ။ ဒါကြောင့်သူလည်းမောင်းပေးလိုက်ဆိုပြီးခေါင်းကိုညိတ်ပြလိုက်တယ်။ ထိုလူကိုကြည့်လိုက်တော့သူ့(မုရင်ထန်း)အသက်ငယ်သေးတဲ့ပုံပေ လမ်းသရဲ‌ပုံတော့ပေါက်မချေ။ ကြည့်တာနဲ့တင်လူချမ်းသာမိသားစုကသခင်လေးမှန်းသိသာတယ်။သူလည်းတစ်ချက်သာကြည့်ပြီးကားပြတင်းမှန်ဘက်ကိုသာလှည့်ပြီးအပြင်ကိုကြည့်နေလိုက်တယ်။

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now