Chapter -8

1.7K 64 31
                                    


Unicode
_________



ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား





ကျိုးရှီယန်ထိုမိန်းကလေးနားရောက်သွားတော့ပိုက်ဆံအိတ်ကိုပြန်ပေးလိုက်တယ်

မိန်းကလေးတစ်ယောက် : ဒီကမောင်လေးကိုကျေးဇူးတင်ပါတယ်

" အာ... မဟုတ်တာပဲ ရပါတယ်…အကူအညီလိုနေတဲ့သူကိုကူညီရမှာကကျွန်‌တော်တို့ရဲ့တာဝန်ပါ… ဒါဆိုခွင့်ပြုပါဦးနော် "

မိန်းကလေးတစ်ယောက် : ဟို.......

ကျိုးရှီယန်လည်းပြောပြီးတာနဲ့ မိန်းကလေးပြန်ပြောမယ့်စကားကိုတောင်နားမထောင်တော့ပဲလှည့်ထွက်လာလိုက်တယ်

ထိုအချိန်မှာပဲ ဖုန်းမြည်သံကြောင့် ဖုန်းကိုကြည့်လိုက်တော့အိမ်တော်ထိန်းဆီကဖုန်းဆက်တာကြောင့်ကိုင်လိုက်တယ်

" Hello...ဦးလေးရှ "

📱" .......... "

" ဗျာ!!! "

📱" .......... "

" ကောင်းပြီ…ကျွန်တော်အခုချက်ချင်းပြန်လာခဲ့မယ် "

အိမ်‌တော်ထိန်းကဘာပြောလိုက်တယ်မသိ ဖုန်းချပြီးတာနဲ့ကျိုးရှီယန်းတယောက် တချိုးတည်းကားရှိရာဆီသို့မလဲရုံတမယ်ခြေတင်သုတ်ပြေးတော့သည်

" အာ့!! "

ပြေးနေရင်ရုတ်တရပ်လူတစ်ယောက်နဲ့ဝင်တိုက်မိသွားတာကြောင့် ထိုလူကိုတစ်ချက်သာမော့ကြည့်ပြီးတောင်းပန်စကားပြောကာ ကားရှိရာဆီသို့ပြေးရပြန်တယ်

" တောင်းပန်ပါတယ်ဗျ…ကျွန်တော်အရမ်းအလျင်လိုနေလို့ပါ "

တစ်ချက်သာမော့ကြည့်ပြီးတောင်းပန်စကားဆိုကာအလျင်လိုနေလို့ပါ ဆိုပြီးပြောကာပြေးထွက်သွားတဲ့အနှီးကောင်လေးကိုကြည့်ပြီးကျန်းချူယွီတစ်ယောက်အတွေးပင်လယ်ထဲလက်ပစ်ကူးနေမိတယ်

(အဟက်..ဘယ်လိုလေးလည်းကွာ…ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ??မင်းလေးရဲ့အနက်ရောင်ကြည်လဲ့လဲ့မျက်ဝန်းဝိုင်ဝိုင်လေးရယ်၊ဖြောင့်စင်းနေတဲ့နှာတံလုံးလုံးလေးရယ်၊စတော်ဘယ်ရီရောင်နှုတ်ခမ်းဖူးဖူးလေးရယ်၊နို့နှစ်ရောင်လိုအသားအရေရယ်၊မနိမ့်မမြင့်အရပ်အမောင်းလေးနဲ့လိုက်ဖက်စွာဝတ်ဆင်ထားတဲ့အဖြူရောင်ရှပ်ကိုမှအပေါ်မိုးပြာရောင်လက်ရှည်ထက်အင်္ကျီအပါးလေးနဲ့ဂျင်းဘောင်းဘီနက်ပြာရောင်လေးနဲ့ကတကယ်ကိုလိုက်ဖက်လွန်းတယ်…ဟူးးး ကိုယ်တော့မင်းလေးကြောင့်ရူးတော့မှာပဲကွာ...)

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Opowieści tętniące życiem. Odkryj je teraz