Unicode
————“ မား ဘယ်လိုရောက်လာတာလဲ?? ”
“ မားက သတိရလို့လာတွေ့တာပါ သမီးလေးရယ် ”
“ ဘာလဲ ပိုက်ဆံကုန်သွားလို့လား?? ”
“ မဟုတ်ပါဘူး သမီးလေးရယ် မားက... ”
သူမ တကယ်ကို သမီးလေးကိုသတိရလို့လာတွေ့တာဖြစ်ပေမဲ့ သမီးဖြစ်သူက သူမကိုခါးခါးသီးသီးဖြစ်နေမယ်လို့မထင်ထားမိပေ အခုလဲ သူမစကားတောင်မဆုံးသေးဘူးဖြတ်ပြောလာတဲ့ သမီးဖြစ်သူ
“ တော်တော် ဘာမှမကြားချင်ဘူး ရော့ ဒီကဒ်ထဲမှာ ၁၀သိန်းရှိတယ်ယူသွား ”
“ မလိုပါဘူး သမီးရယ် မားသွားတော့မယ် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ ပြီးတော့... ”
“ သွားမှာမသွားဘူး အရစ်ရှည်နေတယ် ရော့ ယူသွား နောက်ကို ကျွန်မဆီကိုမလာပါနဲ့တော့ ”
စကားကိုတောင်ဆုံးအောင်မပြောရသေးဘူး ဖြတ်ပြောကာ သူမဆီကိုထပ်မလာတော့ဖို့ပြောကာထွက်သွားတဲ့ သမီးဖြစ်သူကိုကြည့်ပြီး ကျိုးလင်ဝမ် ဝမ်းနည်းမိတယ်
ဒါကလည်းသူအပြစ်တွေပဲမလား? သူသာကြင်နာဂရုစိုက်မှုတွေကိုအပြည့်အဝပေးနိုင်ခဲ့ရင် အခုချိန်ဆို သမီးလေးကသူမကိုအခုလိုမျိုးခါးခါးသီးသီးဖြစ်ခဲ့မှာမဟုတ်ဘူး ။ သူမအသုံးမကျလို့ ၊ မိခင်ကောင်းမပီသခဲ့လို့ အခုလိုတွေဖြစ်ရတာ
(သမီး ဖေးဖေး မားတောင်းပန်တယ် ခွင့်မလွတ်မှန်းသိပေမဲ့ တောင်းပန်ပါတယ် မားကြောင့် သမီးလေး ရွယ်တူတွေကြားမှာဘယ်လောက်တောင်မျက်နှာငယ်ခဲ့ရမလဲ )
ဝမ်ဖေးယာ ကိစ္စတစ်ခုကြောင့် shopping center တစ်ခုကိုလာခဲ့တယ် ။ ဒါပေမဲ့ အပြန် carparking မှာ သူမ(ဝမ်ဖေးယာ)ရဲ့အမေနဲ့တွေ့လိုက်ရတော့ အနည်းငယ်စိတ်ရှုပ်မိတယ် ။ ကြည့်ရတာသူမကိုစောင့်နေပုံရတဲ့အမေဖြစ်သူကြောင့် မေးလိုက်တော့ သူမကိုသတိရလို့လာတွေ့တာတဲ့ ဟက် ရယ်စရာဟာသတွေပဲ ။ မလိုချင်လို့ထားခဲ့ပြီး အခုမှသတိရသလေးဘာလေးနဲ့ မျက်နှာငယ်လေးလုပ်ပြီး အရမ်းချစ်တဲ့ပုံစံမျိုးလာလုပ်ပြနေတယ် ။
သူမလည်း ခါးခါးသီးသီးကို ပြောပစ်လိုက်တယ် ပြီးတော့ ပိုက်ဆံ ၁၀သိန်းထည့်ထားတဲ့ ကဒ်ကိုပေးလိုက်တော့ မလိုဘူးဆိုပြီး လိမ်နေပြန်တယ် ။ ပိုက်ဆံလို လို့သူမဆီကိုလာတာမသိပဲနေမလား? သူမ(ကျိုးဝမ်လင်)ဘဝမှာ ငွေကလွဲပြီးဘာမှစိတ်မဝင်စားတဲ့သူမက သမီးဖြစ်တဲ့သူမနဲ့ ငွေနဲ့ယှဉ်ရင် ငွေကိုသာရွေးချယ်မဲ့လူမျိုး ။
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...