Unicode
————" တို့ရဲ့မောင်ကအလုပ်မှာချစ်သူရှိနေတယ်ဆိုလို့ တို့ကလာကြည့်တာလေ...တို့မောင်ကြိုက်နေတဲ့ကောင်လေးကဘယ်လိုပုံစံမျိုးလဲဆိုတာကိုသိချင်လို့...အင်း...ဆိုးတော့မဆိုးပါဘူး... "
(အဟက်...ခေါ်တာတောင်'မောင်'တဲ့လား?...)
" ဒါနဲ့ နာမ်မည်ဘယ်လိုခေါ်လဲ? "
" ဟင်???...ကျိုးရှီယန်ပါ "
" ဪ...ဟင်!!!...ကျိုး!...ကျိုးရှီယန်!?? "
သူမရဲ့အပြောကြောင့်မျက်နှာဟာသိသိသာကိုပျက်ယွင်းနေပြီးဝမ်းနည်းရိပ်သန်းနေတဲ့ ကောင်လေးကြောင့် နာမ်မည်ကိုမေးလိုက်တယ်
ဟော်လန်ကပြောပြပေမဲ့ထိုကောင်လေးရဲ့နာမည်တော့မပါပေ။သူမကလည်းမမေးမိတော့မသိဘူးဖြစ်သွားတယ်။အခုတော့ ထိုကောင်လေးရဲ့နာမ်မည်ကြောင့် သူမမှာအထစ်ထစ်အငေါ့ငေါ့နဲ့အံ့ဩသွားမိတယ်
ဘယ်လိုလုပ်ပြီးသူမရဲ့ဝတ္ထုထဲကဗီလိန်ရဲ့နာမ်မည်နဲ့ဆင်တူနေရတာလဲ?? ပြီးတော့လည်းထိုကောင်လေးကိုစတွေ့ကတည်းကအနည်းငယ်ရင်းနှီးနေသလိုလည်းခံစားမိတယ်
" ဘာဖြစ်လို့လဲ?? "
သူ့ရဲ့နာမ်မည်ကိုမေးလာတာကြောင့်ပြောပြလိုက်တော့ ပုံမှန်လို 'ဪ' လို့သာပြောပြီးနောက်မှအထိတ်တလန့်နဲ့ထစ်ငေါ့စွာပြန်မေးလာတဲ့ သူ့ရှေ့ကမိန်းကလေးကြောင့် 'ဘာဖြစ်လို့လဲ?'ဆိုပြီးပြန်မေးလိုက်တယ်
" ဘာမှမဖြစ်ပါဘူး...ဒီတိုင်း တို့သိတဲ့နာမ်မည်တစ်ခုနဲ့ဆင်တူနေလို့ပါ "
" ဝတ္ထုထဲကလား??? "
" ဝတ္ထု??? "
" အွန်း...စာရေးဆရာမပန်းကလေးရဲ့ 'ဆုံဆည်းခြင်း'ဆိုတဲ့ဝတ္ထုလေ...လွန်ခဲ့တဲ့နှစ်လလောက်ကမှဇာတ်သိမ်းသွားတာ...ဒါပေမဲ့ ဘာလို့စာရေးဆရာမကပြောင်းလဲလိုက်လဲမသိဘူး "
" ပြောင်းလဲတယ်??? "
သူမပြောလိုက်တော့ 'ဝတ္ထုထဲကလား?'ဆိုပြီးမေးလာတဲ့ကောင်လေးကြောင့် သူမပြန်မေးလိုက်မိတယ်။ ထိုအခါကောင်လေးက သူမရဲ့ကလောင်နာမ်မည်နဲ့ဝတ္ထုကိုပြောပြလာခဲ့တယ်။ဒါကြောင့် 'သူလေးကငါ့ရဲ့ဝတ္ထုကိုသိတယ်လား?' ဆိုပြီးတော့တွေးလိုက်မိတယ်။နောက်တော့ကောင်လေးပြောလာတဲ့စကားကြောင့်သူမအံ့ဩမှင်သက်သွားမိတယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...