Unicode
————“ ဒါနဲ့ ဘယ်လိုများအသက်ရှင်နေထိုင်ခဲ့သလဲ?? သမီးရယ် ”
ထိုမေးခွန်းကြောင့်သူမအသာပြုံးလိုက်မိတယ်
“ ဒီလိုပါပဲ ”
“ အဲ့ဒီနေ့ကဘာတွေများဖြစ်ပျက်ခဲ့လို့လဲကွယ်??? ”
သူမခဏလောက်တိတ်ဆိတ်နေမိတယ်။ အဲဒီနေ့ကအဖြစ်အပျက်တွေကိုပြန်ပြောရမှာကိုသူမတုံ့ဆိုင်းနေမိတယ်။ထိုအရာတွေကသူမဘဝအတွက်တစ်သက်မမေ့နိုင်စရာအဖြစ်အပျက်တေအဖြစ်ထင်ကျန်ရစ်နေစေခဲ့တယ်။ ဒါပေမဲ့လည်းသူမပြောပြရမှာပဲ မပြောပြလို့မရဘူး အဲ့ဒါမှသူမရဲ့သားလေးကိုကြိုတင်ပြီးကာကွယ်နိုင်မယ်မဟုတ်ပါလား??
“ တစ်ကယ်တော့ အဲ့ဒီနေ့က ပါးအိမ်တော်မှာမရှိဘူးလေ ကျွန်မရယ် ၊ အကိုရယ် ၊ သားလေးရယ်နဲ့အိမ်အကူတချို့ရယ်သာအိမ်တော်မှာရှိတယ် ဒါကြောင့်ကျွန်မတို့ အိမ်တော်ရဲ့အနောက်ဘက်က သစ်တောစပ်ကအိမ်ငယ်လေးကိုသွားဖြစ်ကြတယ် အဲ့ဒီနောက်… ”
လွန်ခဲ့သော ၁၀နှစ်ခန့်…
'ကျိုးရှီယန်အသက် ၈နှစ်
ကျန်းမုယွင်အသက် ၃၀
ကျိုးယဲ့ယွမ်အသက် ၃၁'“ မား…မား ဒီမှာကြည့် ”
သူမကိုခေါ်ကာသူဆွဲထားတဲ့ပုံလေးကိုပြလာတဲ့သား
“ ယန်လေးကတော်လိုက်တာ အကိုရေကြည့်ပါဦးသားလေးဆွဲထားတာ ”
သူမလည်းယူကြည့်လိုက်တော့ မြင်လိုက်ရတာက သူမတို့မိသားစုသုံးယောက်ပုံဖြစ်တယ်။ သားလေးပုံဆွဲတာတော်လိုက်တာ တကယ်ကိုပုံတူပန်းချီကားတစ်ခုလိုပဲ သူမလည်းအနောက်မှာထိုင်ကာဖျော်ရည်သောက်နေတဲ့ အကို့ကိုခေါ်ကာပြလိုက်တယ်
“ သားကတကယ်ကိုတော်တာပဲကြည်ပါဦး ”
“ ဟီးဟီးး…သားကကြီးလာရင် Designပညာရှင်လုပ်မှာ ”
“ ဟားးး…ဒါပေါ့ ပါပါးရဲ့သားကကြီးလာရင်အရမ်းတော်တဲ့ Designer တစ်ယောက်ဖြစ်လာမှာသေချာတယ် ဟုတ်တယ်မလား??? ယွင် ”
“ ဒါပေါ့ ”
“ ခ်ခ်ခ်… ”
ပြုံးပျော်နေတဲ့သားဖနှစ်ယောက်ကိုကြည့်ရင်းသူမလည်းပျော်ရွှင်ကြည်နူးမိတယ် ဒါပေမဲ့ သူမတို့ရဲ့ပျော်ရွှင်မှုကကြာကြာမခံခဲ့ ဘာကြောင့်ဆို…
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...