Unicode
————ခမ်းနားကြီးကျယ်ကာ ရောင်စုံဥဒေါင်းများသဖွယ်ရှိနေကြသောရွှေပွဲလာဧည်သည်တော်များနဲ့ အဖြူရောင်နှင့်အပြာနုဖျော့ရောင်မင်္ဂလာခန်းဝင်ပစ္စည်းအဆင်တန်ဆာများအကြားအဖြူရောင်နှင်းဆီပန်းများကိုသုံးကာအလှဆင်ထားသောခန်းမကျယ်ကြီးတစ်ခု
A city ရဲ့ top 1 & top 3စာရင်းဝင်အချမ်းသာဆုံးအိမ်တော်နှစ်ခုဖြစ်တဲ့ ရှန်းအိမ်တော်နဲ့ ကျိုးအိမ်တော်ကအဓိကကျင်းပဆင်နွှဲတဲ့အကြီးကျယ်အခမ်းနားဆုံး နှစ်တွဲပြိုင်မင်္ဂလာဆောင်ဖြစ်တယ်
ရှန်းအိမ်တော်ရဲ့အမွေဆက်ခံသူမောင်နှမနှစ်ယောက်ရဲ့ ပြိုင်တူမင်္ဂလာဆောင်ခြင်းဖြစ်တဲ့အပြင် ရှန်းအိမ်တော်အမွေဆက်ခံသူဒုတိယသခင်လေးမှာ ကျိုးအိမ်တော်ရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူသခင်လေးနဲ့လက်ထပ်ထိမ်းမြားခြင်းဖြစ်ပြီး ရှန်းအိမ်တော်ရဲ့မထမသခင်မလေးမှာလည်းသိပ်မထင်မရှားအလယ်အလတ်လောက်ချမ်းသာတဲ့ လော့အိမ်တော်ရဲ့ပထမသခင်လေးနဲ့ထိမ်းမြားလက်ထပ်ခြင်းဖြစ်တာကြောင့် လူချမ်းသာမိသားစုများအကြားခဏတာဂရက်ထသွားခဲ့ခြင်းအပြီးမှာတော့ နှစ်မင်္ဂလာအဖြစ်ကျက်သရေအဖြာဖြာတိုးကာပျော်ရွှင်ကြည်နူးပိတိဝေဖြာသော အခမ်းနားဆုံးမင်္ဂလာပွဲအဖြစ် ဧည့်ခံဂုဏ်ပြုမင်္ဂလာမည်စေသည်
အခုဆိုရင်တော့ မင်္ဂလာသတို့သား/သတို့သမီးတို့မှာတော့သူတို့ရဲ့သက်ဆိုင်သူတွေရဲ့လက်ကိုတွဲကာ ခန်းမအလယ်ရှိဖာသာရဲ့ရှေ့တွင်ကတိသစ္စာဆိုရင်း ရွှေမျက်နှာတော်ထက်ပျော်ရွှင်ကြည်နူးအပြုံးဝေဖြာ ဂုဏ်ကျက်သရေဆောင်ကာရှိနေလေသည်
မင်္ဂလာကတိကဝတ်ပြုမှုအပြီးတွင်တော့ ကျင်စဦးဇနီးမောင်နှံအဖြစ်ရောက်ရှိသွားပြီဖြစ်တဲ့ ထိုစုံတွဲနှစ်တွဲမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြည့်နူးမှုအပြည့်ဖြင့်နှုတ်ခမ်းထက်တွင်အပြုံးပန်းဆင်ကာရှိနေကြပြီး ဘေးပတ်ပတ်လည်တွင်ရှိသော ဧည့်သည်တော်ပရိသတ်အပေါင်းမှာလည်း ကျင်စဦးဇနီးမောင်နှံတို့ကိုကြည့်ကာ ကြည်နူးပိတိအပြုံးတို့ဝေနေမိလေသည်
VOUS LISEZ
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
Roman d'amourUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...