Unicode
————“ အဲ့ဒါလေးတစ်ခုအတွက်နဲ့ မားကိုမချစ်ပဲလက်ထပ်ခဲ့တယ်ပေါ့လေ!!…ပါပါးကသိပ်ကိုကြောက်စရာကောင်းတဲ့လူပဲ ”
“ မှားနေပြီ…ငါကလက်ထပ်ဖို့အစီအစဉ်ကိုမရှိတာ ”
“ ဘာဗျ!!!…ဒါဆိုဘာကြောင့်လက်ထပ်ခဲ့သေးလဲ!!? ”
သူ့အပြောဟာမှားနေပြီးထိုသူဟာဘယ်သောအခါမှမူလကိုယ်ရဲ့မိခင်ဖြစ်သူကိုလက်ထပ်ဖို့စိတ်ကူးတောင်မရှိခဲ့ဘူးတဲ့လေ ဒါကြောင့်သူအလွန်ကိုဒေါသထွက်သွားပြီးစိတ်တိုစွာမေးလိုက်တယ်
“ အို…စိတ်ကြီးလှကြီလား?? ”
“ ...... ”
“ အဟက်…မင်းရဲ့အဖိုး ငါ့ရဲ့အဖေကြောင့်ပဲပေါ့… မင်းအဖိုးကငါတို့အကြောင်းသိသွားပြီးလူကြီးချင်းတွေ့ပြီးစီစဉ်ခဲ့တာကြောင့်ပဲ လက်ခံခဲ့ရတာ…ဒါတောင်အားမရသေးတဲ့မင်းအမေက မင်းကိုတောင်မွေးဖို့ဖြစ်လာခဲ့သေးတယ်…မင်းသိလား??…ငါမင်းတို့သားအမိကိုသတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်ဆိုတာကို… ”
သူပြောလိုက်တော့ဒေါနဲ့မောနဲ့စိတ်တိုကာမေးလာတဲ့သူ့ရှေ့ကကောင်လေးကြောင့်ခနဲ့တည့်တည့်ပြန်ပြောလိုက်တော့ဘာမှပြောမလာပဲအသံတိတ်နေတာကြောင့်သူကပဲစကားဆက်ပြောလိုက်တယ်
“ ခင်ဗျား!!!… ”
ကျိုးရှီယန် သူ့ရှေ့မှာရှိနေတဲ့လူကိုမယုံကြည်နိုင်ခြင်းများစွာနဲ့ကြည့်လိုက်မိတယ် ။သူစိတ်တိုလွန်းလို့အသားတွေတဆက်ဆက်တုန်ရီလာကာပြောမဲ့စကားများပါလည်ချောင်းဝတွင်ဆို့တက်နေသောကြောင့်မပြောနိုင်တော့ပေ
ဒီလူဟာတကယ်ကိုလူစိတ်မရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပဲ…သူ(ကျိုးယဲ့ယွမ်)ဘာကြောင့်များဒီလောက်ထိသွေးအေးရက်စက်နိုင်ရတာလဲ?ဆိုတာ သူတကယ်ကိုမစဉ်းစားနိုင်တော့ပေ ။မူလကိုယ်ရဲ့အမေကိုမုန်းတယ်ဆိုရင်တောင် မူလကိုယ်ကတော့သူ့ရဲ့သွေးသားရင်းချာပဲမလား?? ဒီလောက်ထိတော့လုပ်ဖို့မလိုဘူးမလား??မူလကိုယ်အပေါ်ကိုဖခင်စိတ်နည်းနည်းလေးတောင်မရှိခဲ့ဘူးတဲ့လား??သူတကယ်ကိုမူလကိုယ်ကိုပိုပြီးသနားလာမိတယ်။ငယ်ငယ်လေးတည်းကဖခင်ဖြစ်သူရဲ့အတုအယောင်ချစ်ခြင်းတွေကြားမှာနေခဲ့ရပြီး အချိန်တန်အရွယ်ရောက်လာပြန်တော့လည်းဖခင်ဖြစ်သူရဲ့မိခင်ပေါ်ထားတဲ့အမုန်းတရားတွေနဲ့ကလဲ့စားချေသတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...