Unicode
----" ငါအရေးကြီးကိစ္စ အသိပေးစရာရှိလို့လာတာ "
" အရေးကြီးကိစ္စ?? "
" အင်း "
သူတို့နှစ်ယောက်လည်းအစ်မဖြစ်သူနဲ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီး သံယောင်လိုက်ကာမေးလိုက်တော့ဟုတ်မှန်ကြောင်းထောက်ခံလာလေသည်
ဒီလိုနဲ့ဘေးနားကနေမှိုရတဲ့မျက်နှာတဲ့တစ်ချိန်လုံးရှိနေတဲ့ လော့ဟန်ကိုမတိုင်ပင်ပါပဲ ပြိုင်တူကြည့်လိုက်မိတော့ ချီးထုပ်ကဂုဏ်ယူဝင့်ကြွားစွာနဲ့မျက်နှာကိုမော်ချီထားပုံမှာစီးထားတဲ့ဖိနပ်နဲ့ဖြတ်ရိုက်ပစ်ချင်စရာ ။ဘာတွေကိုအဲ့လောက်ထိဖြစ်နေမှန်းသူတို့မသိသေးပါ
ဒါပေမဲ့ အစ်မဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့အခါတွင်တော့ ကောက်ရိုးပေါ်မှိုပေါက်လို့ဂုဏ်ယူနေတဲ့ မျက်နှာရူးရဲ့ပုံစံကိုနားလည်းသွားတော့တယ်
{ ကောက်ရိုးပေါ်မှိုပေါက် - မှိုရတဲ့မျက်နှာကိုသွယ်ဝိုက်ပြီးပြောတာပါ အဓိပ္ပာယ်ကအတူတူပါပဲ😁😁 }
အစ်မဖြစ်သူပြောလိုက်တဲ့ စကားက...
" ငါနဲ့မောင်နဲ့ချစ်သူတွေဖြစ်သွားကြပြီး လက်ထပ်ဖို့လည်းစီစဉ်ထားတယ် "
ဟုဆိုပြီး အကြင်နာအပြည့်နဲ့ပြုံးကာ လော့ဟန်ရဲ့လက်မောင်းကိုလက်နှစ်ဖက်နဲ့ချိတ်ဆွဲလိုက်ပြီးနှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ရန်ပြင်ဆင်နေလေရဲ့
မောင်ဖြစ်တဲ့ ငါတစ်ယောက်လုံးရှေ့မှာရှိနေသေးတယ်ဆိုတာကိုသူတို့သတိမှရပါလေစ
" မမ! နင်တို့ဘယ်တုန်းကဘယ်လိုဒီအခြေအနေထိရောက်သွားရတာလဲ!? "
" ဒါက ဒီလိုရှိတယ်ဟ...တကယ်တော့ မောင့်ရဲ့မလျော့သောဇွဲလုံးလနဲ့မဆုတ်မနစ်ကြိုးစားပမ်းစားနဲ့ငါ့ဆီကနေအချစ်ကိုရအောင်ကြိုးစားပြီးအရယူလိုက်တယ်ပဲဆိုရမလား?... ငါ့နောက်ကိုနေပူမရှောင် မိုးရွာမရှောင် အဖြေလိုက်တောင်းနေတာကိုမြင်ပြီးသနားသောအားဖြင့်အဖြေပြန်ပေးလိုက်တာကြောင့်လို့ပဲဆိုရမလား??... ငါကိုယ်တိုင်ကပဲအရင်တည်းကမောင့်အပေါ်စိတ်ယိုင်နေခဲ့လို့ပဲနှစ်ဦးသဘောတူချစ်ကြိုးသွယ်နေခဲ့ခြင်းကြောင့်လို့ပဲဆိုရမလား?...ပြီးတော့... "
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...