Unicode
----ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား
(ဇီဖုန်းကောကော ကဘာလို့ သူတို့(ရှီးယန်နဲ့မော့မိန်ကျစ်)ကိုကြည့်ပြီးပြုံးနေရတာလဲ? ငါ(ဝမ်ဖေးယာ)ခေါ်တာတောင်အရေးမစိုက်နိုင်လောက်တဲ့ထိကိုငေးကြည့်နေတာ ဘယ်တုန်းကမှလူတစ်ယောက်ကို 3စက္ကန့်ထက်တောင်ပိုမကြည့်တဲ့သူ ငါ့ကိုတောင်အဲ့လောက်ထိကြာအောင်မကြည့်တဲ့သူတစ်ယောက်က အခုတော့ဟိုဘာမဟုတ်တဲ့လူနှစ်ယောက်ကိုအချိန်အတော်ကြာတဲ့ထိတောင်အကြည့်မလွဲနိုင်ဖြစ်နေတာဆိုတော့ အဲ့ဒီ မိန်းကလေး(မော့မိန်ကျစ်)ကိုကြိုက်နေတာများလား? ဟင့်အင်း...မဖြစ်နိုင်ပါဘူး ဟုတ်တယ် မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး...)
" ဖေးဖေး....ဖေးဖေး "
" ဟင်.. "
" ကိုယ်ခေါ်နေတာကြာပြီဘာတွေစဉ်းစားနေတာလဲ? "
" ဟီးး ဘာမှမဟုတ်ပါဘူး ဟို..ဖေးဖေးကိုဘာပြောစရာရှိလို့လဲ? "
" ဒီလိုပါ ကိုယ်ကိစ္စတစ်ခုရှိလို့ဖေးဖေးကိုလိုက်မပို့ပေးနိုင်တော့ဘူး...အဲ့ဒါဖေးဖေးကိုယ့်ဘာသာကိုပဲပြန်လိုက်တော့နော် "
" ဟု...ဟုတ်ကဲ့ ဖေးဖေးကိုယ့်ဘာသာကိုယ်ပဲပြန်လိုက်ပါ့မယ်...ဂရုစိုက်သွားပါ "
" အင်း "
နောက်တောင်တစ်ချက်လှည့်မကြည့်ပါပဲ ကားရှိတဲ့နေရာကိုသာထွက်သွားတဲ့သူရဲ့နောက်ကျောပြင်ကိုငေးကြည့်ရင်းနဲ့သာ ထိုနေရာမှာရပ်လျှက်ကျန်ခဲ့သောမိန်းကလေးတစ်ယောက်_____&&&&&&&____&&__
" ကောကော~~ "(ချွဲသံဖြင့်)
" မ ရ ဘူး "
" ကောကော ကလည်း~~ "
" မရဘူး ဆို မရဘူးပဲ "
" ကောကော!! "
" ဘာလဲ!!? "
" ကောကော ကလည်း လုပ်ပါဗျာ...လိုက်ခဲ့ပါဗျာနော် နော် "
ဟူးးးး
မနက်ကတည်းက company ကိုလာပြီးအစ်ကို ကို"လျှောက်လည်ဖို့အဖော်မရှိလို့"ဆိုပြီးသူ(မုကျားအော်)နဲ့လိုက်ခဲ့ဖို့ခေါ်နေသောချွဲစိန်လေးကျွန်တော့ညီပါလေ
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...