Chapter -36

766 22 0
                                    

Unicode
----

" မမ?? ငါတို့မတွေ့တာကြာပြီနော် "

" အင်း "

" ဒါနဲ့ နင့်သမီးတောင် ဦးလေးရဲ့ကျောင်းမှာဆရာမဝင်လုပ်နေတယ်ဆို "

" ဟုတ်တယ်လေ ဘာလို့လဲ??? "

" ဘာမှမဟုတ်ပါဘူးဟာ ဒီတိုင်းမေးကြည့်တာပါ "

" ဪ...ဒါနဲ့ အားစစ်ကောအခုဘာတွေလုပ်နေလဲ? "

" တော်ပါဟာ...ခိုင်းစားလို့ကိုမရဘူး...တစ်နေ့တစ်နေ့ အပြင်သွားပြီးအလေလိုက်နေတာနဲ့ပဲအချိန်ကုန်နေတာ "

" နင်ကလည်းဟာချော့ခိုင်းရင်ရမှာပါ "

" ငါ့သားအကြောင်းနင်မသိပါဘူးဟာ "

" အေးပါဟာ ငါမသိပါဘူး...ဒါနဲ့နင်ကဘယ်လဲ?? "

" ဒီလိုပါပဲဟာ "

" ဒါဆို...ငါတို့လည်းမတွေ့တာကြာပြီဆိုတော့အေးဆေးစကားပြောကြရအောင် "

" ဒါလည်းကောင်းတာပဲ "

ဒီလိုနဲ့နှစ်ယောက်သားအေးဆေးစကားပြောရန်အတွက်ဆိုင်တစ်ဆိုင်ကိုထွက်လာခဲ့ကြတယ်

_________&&&&&______&&&___

" ဟင်!...မြေးငယ်လေးတို့ "

" ဟင်!...အန်ကယ်ကျိုး "

သီးသန့်ခန်းတစ်ခုရဲ့ရှေ့တွင်အမှတ်မထင်တွေ့လိုက်ရတာကြောင့်အံ့ဩပြီးပြိုင်တူခေါ်လိုက်မိတယ်

" ဘယ်ကနေဘယ်လိုရောက်လာကြတာလဲ??? "

" လူတစ်ယောက်က 'အရေးကြီးကိစ္စပြောစရာရှိတယ်' ဆိုလို့ ရောက်လာတာ အန်ကယ်ကရော "

" အန်ကယ်လည်းအတူတူပဲ "

ကျိုးမော့လန် company ကိုသွားဖို့ပြင်ဆင်ပြီးမှ မျက်နှာဖုံးစွတ်နဲ့လူတစ်ယောက်ကရောက်လာပြီခေါ်တာကြောင့်လိုက်လာခဲ့တာဖြစ်တယ်။ဒီရောက်တော့ အခန်းရှေ့မှတင် မြေးငယ်လေးတို့ပါရောက်လာတာကိုတွေ့လိုက်ရတာကြောင့်အနည်းငယ်အံ့ဩမိတာတော့အမှန်ပေ။ နောက်တော့မြေးငယ်လေးတို့ကိုလည်းခေါ်ထားမှန်းသိလိုက်ရတယ်။

သူမ shopping center တစ်ခုကိုသွားရောက်စစ်ဆေးဖို့အတွက် သားဖြစ်သူနဲ့ ထွက်လာခဲ့ပေမဲ့ အိမ်ရှေ့ရောက်မှ မျက်နှာဖုံးစွတ်နဲ့လူတစ်ယောက်ကရောက်လာပြီးသူမတို့ကို 'အရေးကြီးကိစ္စတစ်ခုနဲ့လူတစ်‌‌ယောက်က‌တွေ့ချင်တယ်'ဆိုပြီးလိုက်ခဲ့ဖို့ခေါ်တာကြောင့်လိုက်လာခဲ့တာဖြစ်တယ်။ဒီရောက်တော့ အခန်းရှေ့မှာတင် အန်ကယ်ကျိုးနဲ့တွေ့လိုက်ရတယ်။သူမမေးလိုက်တော့ သူမတို့လိုပဲတဲ့လေ

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Место, где живут истории. Откройте их для себя