Unicode
----ဝိညာဉ်ကူးပြောင်းပြီနောက် အမှန်တရား
" သခင်ကြီး မျက်နှာဖုံးစွတ်နဲ့လူတချို့ကတွေ့ခွင့်တောင်းနေပါတယ် "
" ဘယ်သူတွေလဲ? "
" အဲ့ဒါတော့ကျွန်တော်လည်းမသိပါဘူး အရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိလို့ပါတဲ့ အဲ့ဒါ... "
" အင်း ဝင်ခွင့်ပေးလိုက် "
လီကျွမ်းစကားပင်မဆုံးသေးခင်မှာပဲ ကျိုးမော့လန်တစ်ယောက်ဖြတ်ပြောလိုက်တယ်
" ဟုတ်ကဲ့ပါ သခင်ကြီး "
လီကျွမ်းလည်းပြောပြီးတာနဲ့ကျိုးမော့လန်ရှိတဲ့စာဖတ်ခန်းထဲကနေထွက်သွားလိုက်တယ်
ခဏအကြာမှာတော့မျက်နှာဖုံစွတ်နဲ့လူသုံးယောက်နဲ့အတူစာဖတ်ခန်းထဲသို့ပြန်ဝင်လာတဲ့လီကျွမ်း
" သခင်ကြီး ကျွန်တော်ခေါ်လာပါပြီ "
" အင်း ကျွန်တော့ကိုတွေ့ချင်တယ်ဆိုတာက... "
လီကျွမ်းကိုပြန်ဖြေပြီးတာနဲ့ နောက်ကပါလာတဲ့မျက်နှာဖုံးစွတ်နဲ့လူသုံးယောက်ကိုကြည့်ပြီးမေးလိုက်ရင်း ဆိုဖာပေါ်မှာထိုင်ရန်အချက်ပြလိုက်တယ်
မျက်နှာဖုံးစွတ်နဲ့လူသုံးယောက်ထဲမှာမှခေါင်းဆောင်လို့ယူဆရတဲ့လူတစ်ယောက်ဟာသူ့နောက်မှာပါလာတဲ့မျက်နှာဖုံးစွတ်နဲ့လူနှစ်ယောက်ကိုအပြင်ကိုထွက်ရန်အချက်ပြလိုက်ပြီး ကျိုးမော့လန် နဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ကာ
နောက်လီကျွမ်းကိုကြည့်ပြီးအပြင်ထွက်သွားပေးဖို့ပြောလိုက်တယ်
" အပြင်ထွက်သွားပေးလို့ရမလား? "
ဩရှရှနဲ့အာဏာစက်ပြင်းပြတဲ့အသံနဲ့အတူအေးစက်စက်ပြောလာသောကြောင့်လီကျွမ်းလည်းဘေးကသခင်ဖြစ်သူကိုကြည့်လိုက်တော့"ထွက်သွားပေးလိုက်" ဆိုတဲ့အကြည့်နဲ့အတူခေါင်းတစ်ချက်ငြိမ့်ပြလာတာကြောင့်သခင်ဖြစ်သူကို သတိထားပါဆိုတဲ့အကြည့်နဲ့ကြည့်ပြီးအခန်းထဲမှာထွက်သွားလိုက်တယ်
ဘယ်သူမှမရှိတော့မှမျက်နှာဖုံးစွတ်နဲ့လူကိုကြည့်လိုက်ပြီးကျိုးမော့လန်စကားဆိုလိုက်တယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...