Unicode
————“ သားလေး ပြင်ဆင်ပြီးပြီလား? ”
“ ဟုတ်ကဲ့ မား ”
“ ဒါဆို မားတို့သွားကြရအောင် ”
“ ဟုတ် သွားကြမယ်လေ ”
သားဖြစ်သူရဲ့အခန်းတံခါးရှေ့မှာရပ်ရင်း မော့မိန်ကျစ်မေးလိုက်တော့ အထဲကနေပြန်ဖြေလာပြီး အခန်းတံခါးဖွင့်ကာထွက်လာတယ်။ ဒါကြောင့်သူမလည်း ထွက်လာတဲ့သူကိုကြည့်ရင်း သွားကြရအောင်လို့ပြောလိုက်တော့ပြန်ဖြေလာပြီးနှစ်ယောက်သား ဦးတည်ရာကိုထွက်လာခဲ့လိုက်တော့တယ်။ အဲ့လိုမှ မဟုတ်ပဲဆက်ကြည့်နေမယ်ဆိုရင် သူမနှာခေါင်းသွေးလျှံဖို့ပဲရှိတော့တယ်
________&&&&&______&&&___
“ အို...Mr.ချင်း တောင်ရောက်လာပြီပဲ တွေ့ရတာဝမ်းသာပါတယ် ”
“ အင်း...တွေ့ရတာဝမ်းသာပါတယ် ”
ပြောဆိုကာတစ်ယောက်ကိုတစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်
“ အို...အဓိကပွဲရှင်ကဒီရောက်နေတာပဲ ”
“ ဟုတ်ပါ့ဗျာ ”
“ ဟားးး ရောက်လာကြပြီလား?? လာဗျာ ကြိုဆိုပါတယ် ”
ထိုအချိန်သူတို့အနားကိုရောက်လာကာဆိုလိုက်တဲ့ ဖူအန်းနိုင်(ဖူယွင်ရဲ့အဖေ)နဲ့ဖန်ဟုန်ပင်း(ဖန်ရှင်းရဲ့အဖေ)
{မှတ်မိတယ်မလား?? Chapter -13 & chapter -15မှာပါ ပါတယ်နော် မမှတ်မိရင်ပြန်ကြည့်ပေါ့ ရှင်းတောင်နာမ်မည်တွေမေ့သွားလို့ပြန်ကြည့်လိုက်ရသေးတယ်😅😅}
“ နင်းဟောင် အန်ကယ်ကျိုး dad က M cityကိုရောက်နေတာကြောင့်မလာနိုင်တဲ့အတွက်ကျွန်တော်ကနေတဆင့်နှုတ်ဆက်ခိုင်းလိုက်ပါတယ် ”
{သူတို့နေတာက C city မှာပါနော်}
ကျန်းချူယွီ ရယ်မောကာစကားပြောနေကြသောလူတွေနားကိုသွားကာ ကျိုးမော့လန်ကို နှုတ်ဆက်လိုက်တယ်။
“ ဪ...အေးကွယ် အဆင်ပြေကြတယ်မလား? ခမည်းခမက်နဲ့တောင်မတွေ့ဖြစ်တာကြာပြီပဲ ”
“ ဟုတ်ကဲ့ ”
နှုတ်ဆက်ပြီးတာနဲ့ထိုနေရာကနေလှည့်ထွက်လာလိုက်တယ်။မသွားချင်ပေမဲ့လည်း အဖေဖြစ်သူမျက်နှာပျက်ရမှာဆိုးတာကြောင့်လာတွေ့ခြင်းဖြစ်တယ်။သူ့အလိုသာဆိုလာခဲ့မှာမဟုတ်ဘူး။သူ့တို့ကြောင့်သူ့ရဲ့အစ်မနဲ့သူ့တူကသေရတာမဟုတ်ပါလား? ဒါကြောင့်သူဒီမိသားစုနဲ့မပတ်သတ်ချင်ဘူး။ ဒါပေမဲ့လည်းအစ်မဖြစ်သူနဲ့ပတ်သတ်မှုရှိခဲ့တယ်မလား??တမလွန်ကသူ့ရဲ့အစ်မဖြစ်သူကိုတော့မျက်နှာမပျက်စေချင်ဘူး။
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...