Chapter -29

862 31 0
                                    

Unicode
————

ငါလေးတကယ်စိတ်လေပါတယ်...ဘာကြောင့် ဒီမှာရှိတဲ့လူတွေအကုန်လုံးက ငါ့ရဲ့ကလေးငယ်ကိုပဲကြည့်နေရတာလဲ!!? ဟူးးး အခုတော့တော်ပါသေးရဲ့ ကလေးငယ်ကဒီမှာမရှိတော့လို့ မဟုတ်ရင်ငါလေးစိတ်တိုရလွန်းလို့သွေးတိုးပြီးသေသွားနိုင်တယ်

“ ဇီဖုန်းရေ…ငါကတော့ငါ့ရဲ့အချစ်စစ်ကိုရှာတွေ့ပြီလို့ထင်တာပဲကွာ ”

“ အချစ်စစ်??? ဟုတ်လား? ”

“ အင်း…သူမကငါ့ရဲ့နှလုံးသားတစ်ခုလုံးကိုအပိုင်သိမ်းသွားပြီကွာ ”

ဘေးနားကနေဘယ်ဘက်ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ရင်းခေါင်းကိုမော့ကာမျက်လုံးအစုံကိုမှိတ်လို့ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးဖီးကာပြောနေတဲ့သူငယ်ချင်းဖြစ်သူကြောင့်  'ဒီကောင်ဂေါက်သွားပြီလား??' လို့တောင်ခံစားလိုက်ရတယ်။

_________&&&&&______&&&___

“ ကိုကိုရာအများကြီးမသောက်နဲ့လေမူးနေမယ် ”

“ မင်းဘယ်ဖြစ်နေတာလဲ!? ငါအခုမှနှစ်ခွက်နဲ့တစ်ငုံပဲသောက်ရသေးတယ်…ဘယ့်နဲ့ကြောင့်မူးရမှာလဲ?? ”

ဝိုင်လေးသောက်မိပါတယ် ဘေးကနေတဆာဆာပြောနေတဲ့လူကြောင့်ပြန်ပြောလိုက်တယ်။

ကိုယ်ကတစ်ပုလင်းလုံးသောက်ရင်တောင်မမူးဘူး။အဲ့ဒါကိုမူးမယ်…မူးမယ်နဲ့ တကယ်ပဲ ငါလေးစိတ်လေတယ်

“ ကိုကိုကလည်းဗျာ…ကျွန်တော်ကကိုကို့ကိုစိတ်ပူလို့ပြောတာလေဗျာ…မသောက်နဲ့တော့နော်ပြန်ကြရအောင် ”

“ ဟွန့်!!…သွားမယ်!! ”

“ ဟမ်??? ”

“ ကျစ်!!…မင်းပဲပြန်မယ်ဆို!! ပြန်မယ်လေ!! ဘာမှန်းမသိဘူးကြောင်တောင်တောင်နဲ့!! ”

သူပြန်မယ်ပြောလို့လဲ ကိုယ်ကပြန်မယ်လို့ပြောတာကို ကြောင်တောင်တောင်လာလုပ်နေတာကြောင့်စုတ်သပ်မိတယ်။ပြီးမှလေသံမာမာနဲ့ပြန်ပြောပြီးအရင်ထွက်လာခဲ့လိုက်တယ်

“ ဟာ...ကိုကို ကျွန်တော့ကိုစောင့်ဦးလေ ”

သူရှင်းပြလိုက်တော့နှာတစ်ချက်မှုတ်ကာ 'သွားမယ်' လို့ပြောလာတဲ့ကိုကိုကြောင့် သူတစ်ချက်ကြောင်သွားမိတယ်။ဒါကို ကိုကိုကစိတ်မရှည်စွာစုတ်တစ်ချက်သပ်ရင်း အသံမာမာနဲ့ပြန်မယ်လို့ပြောကာစိတ်ဆိုးပြီးခြေဆောင့်ကာထွက်သွားတဲ့ကိုကိုကြောင့်စောင့်ရန်ပြောရင်းနောက်ကနေအမြန်ပြေးလိုက်သွားလိုက်တယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Tempat cerita menjadi hidup. Temukan sekarang