Unicode
————ကြီးမားကျယ်ဝန်းတဲ့ hotel ဝန်းတစ်ခုထဲတွင်တော့ မီးရောင်တဖြတ်ဖြတ်လပ်နေကာ ကော်ဇောနီပေါ်သို့ဖြတ်၍လျှောက်လှမ်းသွားသော နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်များနှင့်အနုပညာရှင်များရဲ့သတင်းအချက်အလက်နှင့်ဓာတ်ပုံများကိုအမိအရရိုက်ကူးနေကြသောသတင်းထောက်များရှိနေပြီး hotel အတွင်းပိုင်းခန်းမကျယ်ကြီးထဲတွင်တော့ အရောင်စုံဥဒေါင်းများသဖွယ်လှပတင့်တယ်စွာရှိနေကြသောလူများ
ဟုတ်ပါတယ် ထိုအရာဟာဆိုရင်ဖြင့် ကျိုးgp ရဲ့နှင့်ပတ်လည် party ပွဲကျင်းပရာ အဆင့်မြင့် 5star hotel တစ်ခုပဲဖြစ်ပါတယ် ။ ဖိတ်ထားသောလုပ်ငန်းရှင်အသိမိတ်ဆွေများနှင့်အခြားသောအရေးကြီးဧည့်သည်များသာဖြစ်ကြပြီး အားလုံးဟာလည်းဂုဏ်ယူဝင့်ကြွားစွာဖြင့်တက်ရောက်ကြပြီး သူတို့ရဲ့သား/သမီးချောလေးများကိုလည်းပွဲထုတ်ကြတဲ့အချိန်ပဲပေါ့
ထိုအချိန်ရောက်ရှိလာတဲ့အနက်ရောင်ကားလေးတစ်စီး ထို့အတူနောက်ထပ်ရောက်ရှိလာသောရှေ့ဆင့်နောက်ဆင့်ကားသုံးစီး ကြည့်ရုံနဲ့တင်အတိုင်းအဝိုင်းကြီးထဲကသူတွေမှန်းသိနိုင်တဲ့အထိစီးလာသောကားများဟာလည်းအကန့်အသတ်နဲ့နောက်ဆုံးပေါ်ထုတ် brand များသာဖြစ်သည်။ သတင်းထောက်များရဲ့မျက်နှာမှာတော့မှိုရသလိုဖြစ်နေပြီးအခြားဧည်သည်တော်များမှာလဲကားပေါ်မှဆင်းလာမည့်သူများကိုစိတ်ဝင်တစားကြည့်လို့နေလေသည်
“ ဟဲ့ ဘယ်သူတွေဖြစ်လဲမသိဘူးနော် ”
“ အေးဟဲ့ ဒီသတင်းကိုအမိအရယူရမယ် ”
“ ဆင်းလာမဲ့သူတွေဘယ်နာမ်မည်ကြီးအိမ်ေတာ်ကသူတွေဖြစ်မလဲမသိဘူး ”
“ ငါနောက်ဆုံးကဝင်လာတဲ့ကားကိုသိတယ် အဲ့ဒါကျန်းအိမ်တော်က သခင်ငယ်လေးရဲ့ကားဟ ”
“ ဟင် ဟုတ်လား?? ”
“ အင်း ငါကြားတာတော့ ကျိုးအိမ်တော်နဲ့ကျန်းအိမ်တော်က ဆွေမျိုးတော်စပ်တယ်ဆိုပဲ ”
“ သတင်းတွေကသိလှကြီလား?? ”
ထိုသို့နှင့်တစ်ယောက်တစ်ပေါက်နဲ့ပြောနေကြသောလူများလဲရှိသလို အားကျသောမျက်ဝန်းများနဲ့ကြည့်နေကြသောလူများလဲရှိနေပြန်လေသည်။
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...