Unicode
_________ဝိညာဉ်ကူးပြောင်းပြီနောက် အမှန်တရား
ကန်တင်းမှာ ကျိုးရှီယန် နဲ့ မုကျားအော်တို့နေ့လယ်စာစားနေချိန် မုကျားအော်မှနေရာ တစ်နေရာကိုလှမ်းကြည့်ခိုင်းလာသည်
" ရှီယန် ဟိုမှာကြည့်... "
ရှောင်အော်မေးဆတ်ပြရာနေရာကိုကြည့်လိုက်တော့ တွေ့ပါပြီ ဇာတ်လိုက်မဝမ်ဖေးယာ ကျွန်တော်လည်းကြည့်ရော ရှက်ပြုံးလို ညူတူတူအပြုံးလိုလိုနဲ့ ပြုံးပြလာတယ်လေ။ အခြားလူတွေအတွက်ကတော့အဲ့ဒီအပြုံးကအရမ်းကိုဆွဲဆောင်မှုရှိပြီးလှပနေပေမဲ့ ကျွန်တော့အတွက်ကတော့ ဘီလူးမသံပုရာသီးစားထားတဲ့ရုပ်ကိုချီးကားတက်ကျိတ်ထားသလိုပဲ။ စားနေတဲ့နေ့လယ်စာတောင် ပြန်အန်ထွက်တော့မယ် အော်ဂလီဆန်ချင်စရာတဲ့ရုပ်နဲ့။
ကျွန်ဝောာ်လည်းခဏသာကြည့်ပြီးစားလက်စနေ့လယ်စာကိုသာပြန်ပြီးငုံ့စားနေလိုက်တယ်။ အဲ့လိုရုပ်မျိုးကိုဘယ်သူကအစားပျက်ခံပြီးကြည့်ချင်မှာလဲ?မကြည့်ချင်ပါဘူး သူ့(ဝမ်ဖေးယာ)ရုပ်ကြည့်တာဗိုက်မှမပြည့်တာ အဲ့တော့ဗိုက်ပြည့်စေတဲ့အစားအစာတွေပဲစားမှာပေါ့ မဟုတ်ဘူးလား?
{ဒါပေါ့ ရှောင်ယန်လေးပြောတာမှန်တယ်😏😏}
" အစားသာပြီးအောင်စားစမ်းပါ ရှောင်အော်ရာ အရေးမပါတာတွေကိုကြည့်မနေနဲ့ "
" ဟမ်...အော် အင်း အင်းး "
(အဟက်...ဒီကောင် ဖေးယာလောင်ရှီးကိုတကယ်မကြိုက်ဘူးလား?? အရင်ဆို အချောအလှလေးတွေတွေ့ရင် အရင်ဆုံးငမ်းကြောဆွဲတဲ့ကောင်က အခုတော့စိတ်မဝင်စားဘူးတဲ့လား??ဟင်းးးး ဒီကောင့်အကျင့်ကဒီလိုပါပဲ အတည်တကျမရှိဘူး အမြဲတမ်းပြောင်းလဲနေတာ)" စားပြီးပြီလား? သွားမယ် "
" အင်း အင်း သွားမယ် သွားမယ်.. "
သူတို့(ကျိုးရှီယန်နဲ့မုကျားအော်)နှစ်ယောက်ထွက်သွားတာနဲ့ ဝမ်ဖေးယာတစ်ယောက်အစောနကပြုံးနေတာကသူမဟုတ်တဲ့အတိုင်းပဲချက်ချင်းကိုမျက်နာမှာပြောင်းလဲသွားပြီးစိတ်ထဲမှာတော့တစ်ယောက်တည်းဆိုင်ကလုံးမုန်တိုင်းတွေကွက်ပြီးတိုက်ခတ်ခံနေရတော့တယ်
ESTÁS LEYENDO
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...