Unicode
————ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား
“ ရောက်လာပြီးလား? ”
“ ကျွန်မကို တွေ့ချင်တယ်ဆိုတာဘာကိစ္စရှိလို့လဲမသိဘူး ”
“ ထိုင်ပါဦး မလောပါနဲ့ ”
အဆင်မြင့် ကြယ်ငါးပွင့် စားသောက်ဆိုင် တစ်ခုရဲ့ VIP သီးသန့်ခန်းထဲတွင်တော့ အသက် ၆၀အရွယ်အမျိုးသားတစ်ဦးနှင့်အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ဦးရှိနေပြီး စားပွဲရဲ့မျက်နှာချင်းဆိုင်ခုံတွင်နေရာယူထားရင်းပြောနေကြခြင်းဖြစ်တယ်
“ ဘာကြောင့်တွေ့ချင်ရတာလဲမသိဘူး? ”
“ ဒီက မိန်းကလေးက မော့ Gp ရဲ့ CEO မော့မိန်ကျစ် ဆိုတာလား? ”
“ ဟုတ်ပါတယ်ရှင့် ဒီက လူကြီးမင်းက... ”
မော့မိန်ကျစ်စကားမဆုံးခင်မှာပဲဖြတ်ပြီးပြောလာသောထိုအမျိုးသား
“ အန်ကယ် က ကျိုး Gp ဥက္ကဋ္ဌ ကျိုးမော့လန် ပါ… မေးစရာရှိလို့ခေါ်တွေ့ရတာပါ ”
ဟုတ်ပါတယ် မော့မိန်ကျစ်တစ်ယောက် ဒီနေ့ company မသွားပဲ အိမ်မှာအနားယူရန်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူ အိမ်မှာသာနေ နေခဲ့သည်။ ရုတ်တရပ် လူတစ်ယောက်က အိမ်ရောက်လာပြီး သူတို့သခင်ကြီးဆိုသူက အရေးကြီးကိစ္စတစ်ခုနဲ့တွေ့ချင်တယ်ဆိုပြီးလာတာကြောင့် မော့မိန်ကျစ်လည်းစဉ်းစားမနေတော့ အလုပ်ကိစ္စကြောင့်ထင်ကာ ထိုလာခေါ်တဲ့လူနောက်ကိုလိုက်လာခဲ့လိုက်တော့ အဆင့်မြင့် ကြယ်ငါးပွင့် စားသောက်ဆိုင် ကိုခေါ်လာခြင်းကြောင့်အခု ထိုစားသောက်ဆိုင်ရဲ့ သီးသန့် VIP ခန်းထဲက သခင်ကြီးဆိုသူရဲ့ရှေ့တွင်ရောက်နေခြင်းဖြစ်သည်
“ ကျိုး ဥက္ကဋ္ဌ က ကျွန်မကိုဘာများမေးစရာရှိလို့လဲမသိဘူး? ”
“ ရင်းရင်းနှီးနှီး အန်ကယ်လို့ပဲခေါ်ပါ ”
“ ဟုတ်ကဲ့ အန်ကယ် ”
“ ဒီလိုပါ…ရှီယန်ဆိုတဲ့ ကလေးအကြောင်းလေးမေးချင်လို့ပါ ”
“ ကျွန်မ သားအကြောင်းလား? ဘာကြောင့်လဲ? ”
မော့မိန်ကျစ်တစ်ယောက် ဘယ်လိုမှာနားမလည်နိုင်ပါ ဘာလို့ဆို သူမ ကိုခေါ်ပြီး သားဖြစ်သူအကြောင်းကိုမေးချင်လို့ဆိုတော့ တကယ် သားနဲ့ဘယ်လိုတွေပတ်သက်လို့လဲမသိ
ESTÁS LEYENDO
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...