Chapter -27

957 47 0
                                    

Unicode
————

အခုချိန်မှာဆိုရင်တော့ ချင်းဇီဖုန်းတစ်ယောက် သူ့ရဲ့ကလေးငယ်ကိုသွားရေတမျှမျှနဲ့နှာခေါင်းသွေးလျှံတဲ့အထိကြည့်နေကြတဲ့လူတွေရဲ့မျက်လုံးတွေကိုဖောက်ထုတ်ပစ်ချင်စိတ်ကတဖွားဖွား ။ ဘေးနားက သူငယ်ချင်းဖြစ်သူကိုပြန်လှည့်ကြည့်လိုက်တော့ မျက်လုံးတွေ‌ထွက်ကျမတတ်ကြည့်နေပြီးနှာခေါင်းသွေးတေပါလျှံနေတာကိုတွေ့လိုက်ရတာကြောင့် အကြည့်စူးစူးတွေနဲ့စိုက်ကြည့်နေမိလိုက်တယ်

ဖူယွင် ခန်းမထဲကိုဝင်လာတဲ့အလှနတ်ဘုရားတစ်ပါးပမာလှပနေတဲ့လူသားလေးနှစ်ယောက်ကိုကြည့်နေမိချိန်သူ့ပတ်ဝန်းကျင်တစ်ခုလုံးအေးစက်လာပြီး ကြက်သီးတေပါထလာတာကြောင့် ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ချစ်လှစွာသောသူငယ်ချင်းဖြစ်သူက သူ့ကိုသတ်ဖြတ်ချင်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတာကြောင့်တံတွေးတစ်ချက်မြိုချမိကာနောက်ကျောတစ်ခုလုံးလည်းချွေးစေတွေပြန်လာရတယ်

“ ဟဲဟဲ...သယ်ချင်း ”

“ မ.ကြည့်.နဲ့! ”

“ အေး...အေးပါ ”
(အူဝါးးးး ငါကမင်းရဲ့သူငယ်ချင်းအရင်းကြီးပါကွာ)

စိုက်ကြည့်နေတဲ့သူငယ်ချင်းဖြစ်သူကြောင့်လျှံနေတဲ့နှာခေါင်းသွေးကိုလက်နဲ့ကမန်းကတမ်းသုတ်ရင်း သွားတေပေါ်သည်အထိရယ်ပြရင်းခေါ်လိုက်တဲ့စကားကမပီတော့။နောက်မှအံကြိတ်ကာ‌ဆိုလာတဲ့စကားက 'မကြည့်နဲ့' တဲ့ သူလည်းအထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ဖြေလိုက်ရတယ်။ ဒါတောင်မကြည်ကြည့်နဲ့လူကိုတစ်ချက်ကြည့်ပြီးပြန်လှည့်သွားတယ်။ဒါပေမဲ့ရာသီဥတုအခြေအနေကတော့ခတ်ထန်နေတုန်းပါပဲ။ကြည့်ရတာ ပွဲထဲကလူတွေကြောင့်ထင်တယ်

သူငယ်ချင်းသာဖြစ်တာ သူ(ချင်းဇီဖုန်း)စိတ်တိုရင်ကျွန်တော်တကယ်ကိုကြောက်တာ

ပွဲထဲကလူတွေမှာလဲ အေးစက်သွားတဲ့ပတ်ဝန်းကျင်ကြောင့် ရိုးတွင်းချင်ဆီထဲအထိပါအေးစက်မှုကိုခံစားသွားကြရတယ်။ဘေးဘီကိုအကဲခတ်ကြည့်လိုက်တော့ စီးပွားရေးဧကရာဇ်ကြီးကလူသတ်ငွေ့တွေတထောင်းထောင်းထနေပြီးမျက်နှာတစ်ခုလုံးကဒေါသကြောင့်နီရဲနေတာကိုတွေ့လိုက်ရတယ်။လူတိုင်းရဲ့အတွေးထဲတွင်တော့'ဘယ်သူကများစီးပွားရေးဧကရာဇ်ကြီးကိုစိတ်တိုအောင်သွားလုပ်လိုက်ပါလိမ့် အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်'ဟူ၍သာဖြစ်သည်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Where stories live. Discover now