Chapter -44

795 26 4
                                    



Unicode
————

အရှိန်ပြင်းစွာမောင်းနှင်နေသောအနက်ရောင်ကားလေးတစ်စီးဟာဆိုရင်တော့ဆေးရုံတစ်ခုစီသို့ဦးတည်ကာမောင်းနှင်နေလေသည်

‌တခဏအကြာတွင်ပဲထိုအနက်ရောင်ကားလေးသည်ဦးတည်ရာဖြစ်သောဆေးရုံသို့ရောက်ရှိသွားပြီဖြစ်သည်။ထိုကားပေါ်မှလူတစ်ယောက်အလောတကြီးနဲ့ဆင်းလာပြီးVVIPလူနာခန်းသို့တဖန်ပြေးသွားပြန်လေသည်

လူနာခန်းရှေ့ရောက်တာနဲ့အခန်းတံခါးကိုဖွင့်ကာကြည့်လိုက်တော့လူနာခုတင်ပေါ်တွင်ထိုင်နေသောသူကိုတွေ့လိုက်ရတာကြောင့်အလိုလိုနေရင်းမျက်ရည်များတသွင်သွင်စီးကျကာထထိုင်နေသောသူကိုပြေးပြီးဖက်လိုက်တယ်

“ ရှန်း!…အဟင့်…ရှန်း  မင်း…မင်းသတိရလာပြီ ဟင့် ”

ဟုတ်ပါတယ်...ရှန်းပါ…တကယ်တော့လွန်ခဲ့တဲ့နှစ်ပတ်လောက်က

ဆရာဝန်ကရှန်းဆုံးပြီလို့လာပြောတုန်းကသူဘဝကတကယ်ကိုကမ္ဘာပျက်သလိုခံစားလိုက်ရတယ်။ သူဦးခေါင်းထဲမှာလည်းဗလာနတ္တိအတိဖြစ်သွားပြီးမဖြစ်နိုင်ဘူးလို့သာတဖွဖွပြောနေပေမဲ့တကယ်ဖြစ်သွားမှာကိုသူကြောက်နေမိတာကတော့အမှန်ပေ…

လွန်ခဲ့သောနှစ်ပတ်ခန့်…

“ ဟင့်အင်…မဟုတ်ဘူး…မဟုတ်ဘူး သူက…သူကကျွန်တော့ကိုသိပ်ချစ်တာ…ကျွန်တော့ကိုထားခဲ့မှာမဟုတ်ဘူး…ထားခဲ့မှာမဟုတ်ဘူး ရှန်း…အားးး အဟင့် ဟင့် မဟုတ်ဘူး…မထားခဲ့ဘူး သူမသေဘူး…သူက…သူကသေမှာမဟုတ်ဘူး…ကျွန်တော့မှာ…ကျွန်တော့မှာသူ့ကို…သူ့ကိုပြောစရာတွေအများကြီးရှိသေးတယ် သူ့ကိုမပြောရသေးတဲ့စကားတွေ…စကားတွေအများကြီးရှိသေးတယ် အဟင့် ”

“ Boss! ဘာဖြစ်တာလဲ!? ”

“ ရှန်း…ရှန်း သူ…အဟင့် သူ မရှိတော့ဘူးတဲ့…မဟုတ်…မဟုတ်ဘူးမလား?? ရှန်း ရှန်းကငါ့ကိုထားခဲ့မှာမဟုတ်ဘူးမလား?? ဟုတ်တယ်မလား?? ရှန်းကပြန်လာမှာ…ဟုတ်တယ်မလားလို့! ဟင့် ”

ထိုအချိန်မင်လဲ့ရောက်လာပြီးမေးလာတာကြောင့်သူရှန်းရဲ့အကြောင်းကိုပြောပြပြီးတကယ်မဟုတ်တဲ့အကြောင်းကိုငိုယိုကာမေးနေမိတယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Hikayelerin yaşadığı yer. Şimdi keşfedin