Unicode
————“ ဟ ဟား ဟားးးး ”
ကန်တင်းကနေထွက်လာပြီး လူရှင်းတဲ့သစ်ပင်တစ်ပင်ရဲ့အရိပ်အောက်ကိုရောက်တာနဲ့ မနဲထိန်းထားရတဲ့ရယ်ချင်စိတ်ကိုလွှတ်ချပြီးအော်ရယ်မိတော့တယ်
“ ရှီယန် မင်းဘာလို့အဲ့လောက်တောင်ရယ်နေရတာလဲ??? ”
လူရှင်းတဲ့သစ်ပင်တစ်ပင်အောက်လည်းရောက်ရော ဗိုက်ကိုလက်နဲ့ဖိကအော်ရယ်နေတဲ့ သူ(ရှီယန်)ကြောင့် မုကျားအော်မေးလိုက်တယ်
“ ခွီးး ဘာမှမဟုတ်ပါဘူးကွာ ဟ ဟားး သူမ(ဝမ်ဖေးယာ)ဖြစ်သွားတဲ့မျက်နှာက တ တကယ် အဟင်း ဟင်းး ရီရလို့ပါကွာ ဟားးး ”
“ ဟင်??? ”
စကားတောင်ကောင်းကောင်းမပြောနိုင်လောက်အောင်ထိဖြစ်နေတဲ့ သူငယ်ချင်းဖြစ်သူကြောင့် ကြောင်အ နေမိတယ် 'သူမဆိုတာကဘယ်သူလဲ???' တကယ်ကို ရယ်စရာဟာသတစ်ခုကိုတွေး တွေးပြီးရယ်နေသလိုမျိုးကို ရယ်နေတာ
ရှီယန်ပြောတာကိုတွေးနေမိတယ် ။ နောက်မှဘာကိုပြောတာလဲဆိုတာကိုသဘောပေါက်တော့တယ်။ သူ(ရှီယန်)ပြောပြီးရယ်နေတာက ဖေးယာလောင်ရှစ်ကိုပဲ အဲ့တော့မှသူ(မုကျားအော်)လည်းပြန်တွေးမိတယ်။ ရှီယန်ရယ်ရင်လည်းရယ်ချင်စရာပဲလေ ။ ရှီယန်ပြောလိုက်လို့ဖြစ်သွားတဲ့မျက်နှာက အင်းးး ချီးကားတက်ကျိတ်ခံထားရသလိုပဲ
“ အင်း ဟုတ်သားပဲနော် ဟား ဟား ဟားးး ”
“ အင်းပါဆိုနေ ဟားးးး ”
“ ဒီက ရှီယန်ဆိုတာလား? ”
သူတို့နှစ်ယောက် အားရပါးရအော်ရယ်နေတဲ့အချိန် သူတို့ရှေ့ကိုရောက်လာပြီး မေးလာတဲ့ခပ်ချောချော ခပ်ဖြောင့်ဖြောင့် လူတစ်ယောက် ထိုလူရဲ့နောက်မှာရုပ်တည်ကြီးနဲ့ရပ်နေတဲ့ခပ်ချောချောလူတစ်ယောက် အင်း နှစ်ယောက်လုံးကတော့တော်တော်လေးကိုချောတယ်
“ ဟေ့ ကောင်လေး ကိုယ်ချောတာသိတယ် အဲ့လောက်ထိတော့ငေးကြည့်ဖို့တော့မလိုပါဘူး ”
“ ဘာ ဘယ်သူကငေးနေလို့လဲ? ဟွန့် ”
သူ(ကျိုးရှီယန်)ကြည့်နေတုန်းမှာပဲ ရယ်ကျဲကျဲနဲ့ပြောလာတဲ့ ထိုလူကြောင့် ပြန်ပြောလိုက်တယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...