Unicode
_________ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား
⏱️တီ...တီ...တီ....⏱️
နံနက်ခင်း alarm မြည်သံနှင့်အတူကောင်လေးတစ်ယောက်အိပ်ယာထက်တွင်နိုးတစ်ဝက် မနိုးတစ်ဝက်မျက်လုံးတွေနဲ့အတူ ထ ထိုင်လိုက်ကာ alarm ကိုပိတ်ပြီးနာရီကိုကြည့်လိုက်တော့ 6နာရီခွဲ။ ဒါကြောင့်သူလည်းအိပ်ရာမှ ထ ကာမျက်နှာသစ် ရေမိုးချိုးရန် ရေချိုးခန်းဆီသို့ဦးတည်သွားလိုက်တယ်။
ရေမိုးချိုးပြီးတော့အဝတ်အစားလဲကာ ကျောင်းသွားဖို့ပြင်ရပြန်တယ်။ပြင်ဆင်ပြီးတော့အောက်ထပ်ကိုဆင်းလာကာ ထမင်းစားခန်းထဲသို့ဝင်သွားတဲ့အချိန်မနက်စာထိုင်စားနေတဲ့ မော့မိန်ကျစ် ရဲ့ ဘေးတွင်ဝင်ထိုင်ပြီး နှုတ်ဆက်ကာ မနက်စာထိုင်စားဖို့ပြင်လိုက်က်တယ်
" Morning မား "
" အင်း Morning သား...သား ဒီနေ့စောတယ်နော် "
" ဟုတ် မား "
" မား ရဲ့ သားချောလေးက ရည်းစားတွေဘာတွေများရနေပြီးလား? "
" ဟင်… အာ မဟုတ်ပါဘူး မား ကလည်း…ဘာလို့အဲ့လိုထင်ရတာလဲ? "
" အော်...အရင်ဆို မား သားလေးက ဒီအချိန်ဆိုအိပ်ကောင်းတုန်းလေ ဒီနေ့မှ ထူးထူးဆန်းဆန်း အစောကြီးနိုးနေလို့…ဒါကြောင့်ရည်းစားနဲ့များချိန်းထားလားလို့ "
" အာာ...အဟင်း မဟုတ်ပါဘူး…မား ကလည်း ဟီးးး "
" ဟင်းဟင်းး...ဟုတ်ပါပြီ သားရယ် မရှိဘူးဆိုတော့လဲ မရှိဘူးပေါ့နော့ "
ဒီလိုနဲ့မနက်စာစားပြီးတော့ ကျိုးရှီယန် တစ်ယောက် ကျောင်းသွားရပြန်ဦးမယ်လေ
" မား သား ကျောင်းသွားတော့မယ်နော် "
" အယ်? သား အခုမှ 8နာရီ ထိုးခါနီးလေးပဲရှိသေးတယ်လေ "
" ကျောင်းစောစောသွားရမယ်လေ မား ရဲ့ နောက်ကျနေရင်စာတွေလွတ်သွားမှာဆိုးလို့ပါ… သွားပြီနော် မား ချစ်တယ် မွမွမွ "
ကျိုးရှီယန် တစ်ယောက်အိမ်ရှေ့တံခါးမကြီးနားကနေ အပေါ်ထပ်ကိုတက်ဖို့လုပ်နေတဲ့ မော့မိန်ကျစ် ရှိရာဘက်ကိုလှည့်ပြီး fly kiss လေးပေးပြီးကားရှိရာဘက်ကိုပြေးသွားတော့တယ်
ESTÁS LEYENDO
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...