Unicode
————ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား
ဟင်း... အခုတော့ကျွန်တော်သိလိုက်ပါပြီ…ဝတ္ထုကမ္ဘာထဲကိုဝိညာဉ်ကူးပြောင်းလာတယ်ဆိုတာ…ကူးပြောင်းလာတဲ့ခန္ဓာကိုယ်ကလည်း ကျွန်တော်နဲ့နာမ်မည်ချင်းဆင်တူတဲ့လူရဲ့ကိုယ်ထဲကိုတဲ့လေ …အခုတော့ဘယ်လိုလုပ်ရတော့မလဲ?? ငါ့ရဲ့ကမ္ဘာကို ငါဘယ်လိုပြန်ရတော့မှာလဲ?? ကျိုးရှီယန်!! ကျိုးရှီယန် မင်းကတော့လေဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းကြီးပဲ
{ကိုယ့်ကိုယ်ကိုပြန်ပြောနေတာပါနော်}
ဟူးးးး တကယ်ပါပဲကွာ…ငါလေးစိတ်လေတယ် စိတ်လေတယ်… ဟမ်!!! နေ နေစမ်းပါဦး… ဒါ ဒါဆို ငါက ဇာတ်သိမ်းမှာသေရမယ့်လူပေါ့!!! ငါ ငါဘယ်လိုလုပ်ရမလဲ?…အားးးး!!!
သူလည်းဘာလုပ်ရမလဲမသိတာနဲ့ဝတ္ထုဇာတ်ကြောင်းတစ်ခုလုံးကိုချုံငုံပြီးတွေးကြည့်နေမိတော့တယ်
{အဟမ်း ဇာတ်ကြောင်းပြန်တွေးနေပါပြီနော်😄}
ဝတ္ထုဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့လား
ဇာတ်လိုက်ဖြစ်သူ ချင်းဇီဖုန်းက အနေအေးပြီးရက်စက်တယ်။လူတစ်ယောက်ကိုဘယ်တော့မှလွယ်လွယ်ကူကူနဲ့မယုံကြည်တတ်တာက သူ့(ချင်းဇီဖုန်း)ရဲ့အားနည်းချက်လိုကိုဖြစ်နေတာ။ ဒါကလည်းမဆန်းပါဘူး ဘာလို့ဆို သူ့မိဘတွေက သူ့အသက်16 နှစ်အရွယ်မှာ အယုံကြည်ရဆုံးသောလူတွေရဲ့သစ္စာဖောက်တာကိုခံခဲ့ရပြီး ကား accident ဖြစ်ပြီးနှစ်ယောက်လုံးဆုံးပါးသွားတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလောကထဲကိုဝင်လာရတယ်။အစပိုင်းမှာတော့ဘယ်အဆင်ပြေပါ့မလဲ အသက်ကလည်းငယ် အတွေ့အကြုံကလည်းမရှိဆိုတော့ ဒါပေမဲ့နောက်ပိုင်းမှာတော့ ဇာတ်လိုက်မ(ဝမ်ဖေးယာ)ရဲ့အဖေဖြစ်သူ(ဝမ်ဖန်)ရဲ့ကူညီ ရိုင်းပင်းမှုတွေ၊သူ့(ချင်းဇီဖုန်း)ရဲ့ကြိုးစားမှုတွေကြောင့် တဖြေးဖြေးအဆင်ပြေကာအောင်မြင်ကျော်ကြားလာခဲ့တယ်။ နောက်ပိုင်းမှာတော့စီးပွားရေးလောကရဲ့ Top 1ဖြစ်တဲ့ ကျိုး Gp နဲ့တန်းတူဖြစ်လာခဲ့ပြီး ချင်း Gp ဟာလည်းစီးပွားရေးလောကရဲ့ထိပ်ခေါင်ဖြစ်လာခဲ့တယ်။ နောက်ဇာတ်လိုက် နဲ့ ဇာတ်လိုက်မ တို့ဟာလည်း တစ်ယောက်ကိုတစ်ယောက်ချစ်ကြိုက်ကြောင်းဝင်ခံပြီး နှစ်ဦးသဘောတူချစ်သူတွေအဖြစ်တွဲခဲ့ကြတယ်။သူတို့ဟာကမ္ဘာပေါ်မှာတော့အလိုက်ဖက်ဆုံးသောစုံတွဲတွေပေါ့။ အေးလေ တစ်ယောက်ကလဲ ချင်း Gp ရဲ့ CEO နောက်တစ်ယောက်ကလဲ ဝမ် Gp ရဲ့ တစ်ဦးတည်းသောသ္မီးလှရတနာလေးဖြစ်နေတာကိုး လိုက်မှာပေါ့။
သူတို့(ဇာတ်လိုက်&ဇာတ်လိုက်မ)ကတော့ ကျေးဇူးရှင်ဖြစ်တဲ့ အခုကျွန်တော် ဝိညာဉ်ကူးပြောင်းလာတဲ့ခန္ဓာကိုယ်ရဲ့ မှုလကျိုးရှီယန်ကိုတော့ဘယ်အမှတ်ရမလဲ??
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...