Chapter -21

846 29 0
                                    

Unicode
----

" မင်း ဘယ်သွားမလို့လဲ? "

ဒီနေ့သူငယ်ချင်းတွေနဲ့ချိန်းထားတာကြောင့်ပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာတဲ့အချိန် ဧည့်ခန်းထဲမှာထိုင်နေတဲ့အဖေဖြစ်သူကိုတွေ့ပေမဲ့ မမြင်ချင်ယောင်ဆောင်ကာသွားဖို့လုပ်လိုက်တယ် ။ ဒါပေမဲ့လည်း ဘယ်သွားမှာလဲဆိုပြီးမေးလာတဲ့အဖေကြောင့်မကြည့်ပဲပြန်ဖြေလိုက်တယ်

" အပြင်သွားမလို့လေ "

" မင်း တစ်နေ့နေ့ အပြင်သွားလိုက် ၊ ရန်ဖြစ်လိုက်နဲ့ ဘယ်တော့မှငါ့အလုပ်တွေကိုဝိုင်းကူမှာလဲ!? ဟမ်! "

" ဟက် daddyရဲ့အလုပ်တွေကကောဟုတ်လို့လား?? အဖိုးရဲ့အမွေတွေကိုပဲမက်နေပြီး "

" ဘာကွ!! မင်း!! ငါကမင်းကောင်းစားဖို့အတွက်လုပ်နေတာ!! အဲ့ဒါကိုမင်းသိလား!? "

ကျိုးယွင်ချီဧည်းခန်မှာထိုင်ပြီးအနားယူနေတုန်းအပေါ်ထက်ကနေဆင်းလာတဲ့သားဖြစ်သူကိုမေးလိုက်ပေမဲ့ ပျင်းရိပျင်းတွဲပြန်ဖြေလာတာကြောင့် လေသံမာမာနဲ့ပြန်ပြောလိုက်ပေမဲ့ ခနဲ့တဲ့တဲ့ရယ်ကာပြောလာတဲ့စကားကြောင့်ဒေါသကထောင်းခနဲ့ ထွက်လာရတယ်။ ထိုင်နေရာကနေထပြီး သားဖြစ်သူဆီခြေလှမ်းကျဲနဲ့လျှောက်သွားရင်းပြောလိုက်တယ်

စကားပြောရင်းထိုင်ရာကနေထလာပြီးသူ့(ကျိုးစစ်)ဆီကိုလျှောက်လာနေတဲ့အဖေဖြစ်သူမှာအတော်ကိုစိတ်တိုနေသယောင် လေသံကလည်းတော်တော်ကိုမာမာနေပြီးအနည်းငယ်ထိန်းကာစကားကိုပြောနေသည်

" ဟက် ကျွန်တော်ကောင်းစားဖို့ဟုတ်လား!? ဟားးး daddy ရာ အဖိုးရဲ့အမွေတွေကိုမက်ရင်မက်တယ်ပေါ့ ဘာကြောင့် ကျွန့်တော့ကိုခုတုံး လုပ်နေရတာလဲ!? "

" မင်း!!! တောက်စ်!!! ငါဆွဲမထိုးမိခင်အခုချက်ချင်းထွက်သွား!! "

" အဟက် မပူပါနဲ့ daddy ရာသွားမှာပါ "

လှောင်ရယ်ရင်းပြောကာ တဟားဟားရယ်ရင်းသူ့(ကျိုးစစ်)ကိုခုတုံးမလုပ်ဖို့ပြောလာတာကြောင့်စိတ်တိုပြီးထွက်သွားခိုင်းလိုက်တယ်

အမှန်တွေကိုပြောလိုက်တော့စိတ်တိုကာထွက်သွားဖို့ပြောလာတဲ့အဖေဟာတကယ်ကိုလောဘရဲ့သားကောင်ဖြစ်နေတယ်ဆိုတဲ့အမှန်တရားကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး။ သူ့ကိုခုတုံးလုပ်ပြီး အဖိုးရဲ့အမွေတွေကိုလိုချင်နေတယ်ဆိုတာကိုသူသိတာပေါ့ ဒါပေမဲ့သူအဲ့ဒီအရာတွေကိုမလိုချင်ဘူး။ အေးဆေးလေးပဲနေချင်တယ် ။ သူ့အဖေကတော့အဲ့လိုမဟုတ်ဘူး အားလုံးရဲ့အထက်မှာပဲရှိချင်တဲ့လောဘကြောင့်အမြဲပူလောင်နေရတယ်။ အခုလဲသူပြောလိုက်တော့စိတ်‌တိုပြီးထွက်သွားဖို့ပြောတာကြောင့် သူလဲစိတ်ညစ်ညစ်နဲ့ချိန်းထားတဲ့နေရာကိုသာထွက်လာခဲ့လိုက်တယ် ။ အနောက်မှာအဖေဘယ်လိုကျန်ခဲ့မလဲဆိုတာကိုသူစိတ်မဝင်စားဘူးလေ

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now