Chapter -50(Real world)

791 24 2
                                    


Unicode
————

“ ကလေးငယ်!!! ”

“ သခင်လေး!…သခင်လေးသတိရလာပြီ ဆရာဝန်အမြန်ခေါ်! ”

စိုးရိမ်တကြီးနဲ့အလန့်တကြားတစ်စုံတစ်‌ယောက်ရဲ့နာမ်စားကိုအော်ခေါ်ကာနိုးထလာသောသခင်လေးကြောင့်ဆရာဝန်ကိုအမြန်ခေါ်ရန်အပြင်ရှိအစောင့်တွေကိုပြောလိုက်တယ်

ဆေးရုံလူနာခန်းတစ်ခုထဲတွင်တော့ဆရာဝန်များ၊ သူနာပြုများနဲ့ရှုပ်ယှက်နေလေသည်

“ လူနာဘယ်လိုနေသေးလဲ? ခေါင်းကိုက်တာတွေ ခေါင်းမူးတာတွေရှိသေးလား?မအီမသာဖြစ်တာတွေကောရှိလား? ”

“ မရှိပါဘူး ”

“ ကောင်းပါပြီ လူနာအတွက်လိုအပ်တာတွေပြောပြပေးပါမယ် လူနာရှင်လိုက်ခဲ့ပါ ”

“ ဟုတ်ကဲ့ပါ ”

ဆေးပိုက်တွေအကုန်ဖြုတ်ပေးပြီးအနည်းငယ်မေးမြန်းကာအခြေအနေကောင်းမွန်းနေမှပြန်ထွက်သွားပြီးလိုအပ်တာတွေပြောပြပေးရန်အတွက် အိမ်တော်ထိန်းကိုခေါ်သွားလေသည်

သူအိမ်မက်ရည်ကြီးတစ်ခုကိုမက်ခဲ့တယ်။ထိုအရာဟာအိမ်မက်တစ်ခုဆိုပေမဲ့တကယ့်အစစ်အမှန်လို့သူခံစားနေရတယ်။ပြီးတော့အိမ်မက်ထဲကအကြောင်းအရာတွေအားလုံးကိုရှင်းရှင်းလင်းလင်းသိနေသလိုအကုန်လုံးကိုလည်းအသေအချာကိုမှတ်မိတယ်။အထူးသဖြင့် 'ကလေးငယ်'ဆိုသူကိုပေါ့။ ထိုအိမ်မက်ကထူးဆန်တယ်လို့ထင်မိပေမဲ့လည်း ပုံမှန်အိမ်မက်တစ်ခုလို့သာသူတွေးထားလိုက်တာပဲကောင်းပါတယ်။ အခုတော့သူ့ရဲ့နှလုံးသားတစ်ခုလုံးနာကျင်ပြီးမွန်းကြပ်တဲ့ခံစားချက်ကြီးနဲ့တကယ်ကိုဝမ်းနည်းနေမိတယ်

“ ဟူးးး…မတွေးတော့တာပဲကောင်းပါတယ် ”

__________&&&&&&______&&&___

“ ဦး!!!… ”

သူစိုးရိမ်တကြီးနဲ့ထိုနာမ်စားကိုခေါ်ကာနိုးထလာခဲ့တယ်။ သူ‌လည်းဘေးပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်တော့ဆေးရုံကိုရောက်နေမှန်းသိလိုက်ရတယ်

“ မဖြစ်ဘူး!! သူဘယ်မှာလဲ!? သူအဆင်ပြေရဲ့လားမသိဘူး…ဒဏ်ရာကရောအရမ်းများလားမသိဘူး…သူ...သူအဲ့အချိန်က... ”

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now