Chapter-18

912 33 2
                                    

Unicode
————

“ ဘယ်လိုလုပ်မလဲ ကိုယ်ကမင်းလေးကို ' ကလေးငယ် ' လို့ပဲခေါ်ချင်တာ   ”

“ ခများ!....ဟွန့် ကြိုက်သလိုသာခေါ်တော့ ”

ကျိုးရှီယန် သူ့ကို ' ကလေးငယ် ' လို့ပဲခေါ်ချင်တာလို့ပြောလာတဲ့ ရှေ့ကစပ်ဖြဲဖြဲနဲ့ဇာတ်လိုက်ကိုကြည့်ပြီး စိတ်လည်းတိုသလို ၊ အံ့လည်းအံ့ဩမိတယ် ။ ဘယ့်နဲ့ကြောင့် မျက်နှာရူးပုံစံပေါက်နေရတာလဲ??? ဝတ္ထုထဲကလို အေးစက်ပြီး တည်ကြည့်ခန့်ညားနေရမှာမဟုတ်ဘူးလား???အခုတော့ဖြင့် ပြောကိုမပြောချင်တော့ဘူး ။ အေးစက်ပြီးတည်ကြည်ဖို့နေနေသာသာ မျောက်အုံးသီးရသလိုကို ဖြစ်နေတာ

သူလည်းစိတ်တိုတိုနဲ့ ခေါ်ချင်သလိုသာခေါ်တော့လို့ပြောပြီး ဇာတ်လိုက်ကိုမျက်လွဲထားလိုက်တယ် ။ မဟုတ်ရင်စိတ်မထိန်းနိုင်ပဲ အဲ့အရူးကိုတစ်ခုခုလုပ်မိတော့မယ်

“ အဟမ်း...Mr.ချင်း ကျွန်မတို့ရုံးခန်းထဲမှာပဲဆွေးနွေးကြတာပေါ့ ကြွပါ ”

“ အင်း ”

မော့မိန်ကျစ်တစ်ယောက် သူ့ရှေ့မှာ 'ကလေးငယ်' တွေ 'ဦး' လုပ်နေတဲ့ နှစ်ယောက်ကြောင့် မရှိတဲ့သွေးတိုးရောဂါတောင် ထချင်လာသလိုပဲ ။ တစ်ယောက်ကလည်း ချစ်ခြင်းအပြည့်မျက်ဝန်းတွေနဲ့ကြည့်နေပြီး နောက်တစ်ယောက်ကလည်း မပေါက်ကွဲမဲ့မီးတောင်ကြီးလိုပဲ ဒါကြောင့်သူကပဲကြားထဲကနေ စကားဆိုလိုက်တော့ ချက်ချင်းလက်ငင်း သူ့လုပ်စာထိုင်စားနေရတဲ့မျက်နှာဘေးနဲ့ လူကိုကြည့်ပြီး 'အင်း' တစ်လုံးတည်းပြန်ဖြေလာတယ် ။ မခံစားနိုင်တဲ့သူကပဲထွက်သွားပေးရမှာပေါ့ ။ သားလိုချင်ရင်အမေကိုဖားရတယ်မလား??အခုတော့ဖားဖို့နေနေသာသာ စကားတောင်လှည့်မပြောချင်တဲ့ပုံစံနဲ့

{🌼ရှင်း : မိန်ကျစ်..မိန်ကျစ် မပေါက်ကွဲမဲ့မီးတောင်ဆိုတာဘာလဲ??
*သိချင်စိတ်ပြင်းပြနေသောမျက်ဝန်းများနဲ့*

🌼မော့မိန်ကျစ် : ဒါလေးတောင်မသိဘူးလား??? သူကစိတ်တိုနေတာမှမဟုတ်ပဲ စိတ်တိုချင်ယောင်ဆောင်နေတာလေ အဲ့တော့ဘယ်ပေါက်ကွဲမလဲ???

🌼ရှင်း : အော်... }

ဇီဖုန်း ကလေးငယ် စိတ်တိုနေတဲ့ပုံလေးကိုကြည့်ပြီး အသည်းယားနေမိတယ် သူကြည့်နေတုန်းမှာပဲ ငှက်ဆိုးချိုးသံ တစ်သံကိုကြားလိုက်ရတာကြောင့် ကြည့်လိုက်တော့ ကလေးငယ်ရဲ့အမေ
သူလည်း ' အင်း ' လို့သာပြောပြီး ကလေးငယ်ကိုတစ်ချက်ကြည့်ပြီး Ms.မော့နောက်ကနေသာလိုက်သွားလိုက်တယ်။ ကလေးငယ်လည်းလိုက်လာမှာပဲမလား?

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now