Unicode
————“ ဒါဆို…ချစ်သူရည်းစားရောရှိလား? ”
( ဒီလူ ငါ့ကိုဘာတွေလာမေးနေတာလဲ? )
သူ့ရဲ့အသက်ကိုမေးပြီးအခုလည်း သူ့ကို'ချစ်သူရှိလား'ဆိုပြီးလာမေးနေတဲ့ထိုလူဟာ 'တစ်ခန်းလွှတ်နေသလား?'လို့သူထင်မိတယ်
“ ဒီမှာ…ခင်ဗျားကျွန်တော့ကိုဘာတွေလာမေးနေတာလဲ? ”
“ ကိုယ်ကသိချင်လို့ပါ…ပြောပြပါ… ရှိလား? မရှိဘူးလား? ”
သူ့အမေးစကားကြောင့်ချက်ချင်းပဲမျက်နှာဟာတင်းမာသွားပြီး အလိုမကျမှုတို့ကအထင်းသား နောက်တော့ပြောလာတာက 'ဘာတွေလာမေးနေတာလဲ?'တဲ့လေ။သူလည်း 'သိချင်လို့'ဆိုကာထပ်မံပြီးမေးလိုက်တယ်
“ မရှိဘူး…ရပြီမလား?လွှတ်တော့ ”
“ နေပါဦးကွာ…ကိုယ်မေးစရာရှိသေးတယ် ”
“ ဘာပေါက်ကရတွေမေးဦးမှာလဲ!? ”
သူ့ရဲ့လက်ကိုဆွဲကပြောနေတဲ့ရှေ့ကအရူးကြောင့်စိတ်ကမရှည်ချင်တော့
တကယ်ပဲ…လူကိုဘာပေါက်တတ်ကရတွေမေးဦးမှာလဲမသိဘူး…
စိတ်မရှည်စွာ 'မရှိဘူး'လို့ပြောပြီး သူ့ရဲ့လက်ကိုလွှတ်ခိုင်းကာထွက်သွားဖို့လုပ်နေတဲ့လူသားလေးကြောင့်သူ့မှာမနဲပြန်တားထားရတယ်။ပြီးမှမေးစရာရှိသေးကြောင်းပြောလိုက်တော့ 'ဘာပေါက်ကရတွေမေးဦးမှာလဲ?'တဲ့
တကယ်ပါ အခုလိုစိတ်တိုနေတဲ့ပုံစံလေးကသိပ်ကိုချစ်ဖို့ကောင်းနေရောပဲ ။ပြောရင်းနဲ့ကို အသည်းယားလာတယ်
အား…ငါတော့ဒီလူသားလေးကိုဖက်နမ်းပစ်ချင်စိတ်တွေမှတဖွားဖွား…
ဟူးး…စိတ်လျော့ စိတ်လျော့…
ချစ်စရာကောင်းလွန်းတဲ့မိမိရှေ့ကလူသားလေးကိုဆွဲနမ်းပစ်ချင်စိတ်ကိုမနဲ့ထိန်းကာသိချင်တာလေးတွေတော့မေးရပေဦးမည်း။မဟုတ်ရင်အထုအထောင်းခံရမည်မှာ 99.99%လောက်ကသေချာနေပြီ
“ ဒီမှာ! ခင်ဗျားမေးရောမေးဦးမှာလား!? ”
“ မေးမှာ မေးမှာ ဟီးဟီးး ”
ဘာမှမမေးပဲသူ့ကိုပဲကြည့်နေတဲ့ထိုလူကြောင့်စိတ်မရှိစွာပြောလိုက်တော့ပြာပြာသလဲပြန်ဖြေကာသွားတန်းလေးတွေအကုန်ပေါ်သည်အထိရယ်ပြလာတဲ့ထိုလူကြောင့် လူကတောင့်ကနဲဖြစ်သွားရတယ်
ESTÁS LEYENDO
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...