ရှင်းလင်းချက်

246 9 0
                                    

Unicode
————

မရှင်းမလင်းတွေဖြစ်ပြီးတချို့ဇာတ်ကြောင်းနဲ့ပတ်သတ်တာတွေကိုပြောပြပေးမလို့ပါ…

တစ်ကယ်တော့ ဝမ်ဖေးယာဇာတ်ကောင်ကပိုင်ဆိုင်လိုစိတ်ကြီးမားတယ်၊အတ္တကြီးတယ် ပြီးတော့ 'သူမှမရရင်ဘယ်သူမှမရစေရဘူး' ဆိုတဲ့စိတ်ဓာတ်လေးနဲ့သူပါ…

Chapter -36 ,Chapter -37,Chapter -38,Chapter -39 မှာ ကျိုးရှီယန်ကသူ့ရဲ့အမေဖြစ်သူနဲ့ပြန်တွေ့ခဲ့တယ်လေ အဲ့ဒီလိုပဲ လူနှစ်ယောက်ထဲမှာမှတစ်ယောက်ဖြစ်တဲ့ ဝမ်ဖေးယာကလည်းကျိုးရှီယန်တို့တွေ့ဆုံနေတဲ့အခန်းထဲကို မတော်တဆမှားဝင်မိပြီး ဦးလေးဖြစ်သူမှာကျိုးရှီယန်ကိုသတ်ချင်‌နေကြောင်းကိုသိသွားခဲ့ပြီး ဦးလေးဖြစ်သူနဲ့ဆက်သွယ်ကာကျိုးရှီယန်ကိုဖမ်းပြီးသတ်စေခဲ့တာ။သူမကဘာကြောင့်ကျိုးရှီယန်ကိုသတ်ချင်ရလည်းဆိုတာတော့သိကြတယ်မလား? ချင်းဇီဖုန်းကြောင့်လေ သူမကချင်းဇီဖုန်းကိုချစ်နေတာလေ ဒါပေမဲ့ချင်းဇီဖုန်းက ကျိုးရှီယန်ကိုပဲချစ်နေတာကြောင့်မနာလိုလို့သတ်ပစ်ချင်တာပါ

ဒါပေမဲ့လည်းကျိုးရှီယန်ကမသေပဲနဲ့ချင်းဇီဖုန်းရဲ့ကယ်တင်ချင်းကိုခံခဲ့ရတယ်ဆိုတာကိုသူလျှိုတစ်ယောက်ဆီကနေသိသွားပြီး သူမမှမပိုင်ဆိုင်ရရင်ဘယ်သူမှမပိုင်ဆိုင်စေရဘူး ဆိုပြီး ကား accident ဖြစ်အောင်တမင်အကောက်ကြံခဲ့တာပါ…ဒါပေမဲ့လည်းချင်းဇီဖုန်းကမသေခင်သူမလုပ်တယ်ဆိုတာကိုသိသွားခဲ့သလို သူမက‌လည်းလူသတ်မှုကြောင့်ထောင်ကျသွားခဲ့တယ်။

သိသွားတဲ့နောက်တစ်ယောက်ကကျတော့ ကျိုးယွင်ချီတဖြစ်လည်း ကျိုးယဲ့ယွမ်ပါ။ဘယ်မှာသိသွားတာလဲဆိုတော့ Chapter -36 ရဲ့အစပိုင်းမှာပါပါတယ်။ကျိုးလင်ဝမ်နဲ့တွေ့ပြီး ပြောပြမှုကြောင့်သူကသိသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဝမ်ဖေးယာကသူ့ကိုလာရှာပြီးထိုအကြောင်းတွေကိုပြောခဲ့ပေမဲ့ ကျန်းမုယွင်အသက်ရှင်နေသေးကြောင်းတော့မပါခဲ့ပါဘူး။ဘာလို‌ဆို သူမနဲ့ကျန်းမှယွင်နဲ့ကရန်ညှိုးမရှိတာကြောင့်မပြောပြခဲ့ဘူး။ဒါကြောင့်ကျိုးယဲ့ယွမ်က ကျန်းမုယွင်အသက်ရှင်နေသေးတာကိုမသိပဲ ကျိုးရှီယန်ပဲအသက်ရှင်နေတယ်လို့ထင်နေခဲ့တာပါ။ကျိုးလင်ဝမ်ကလည်းကျန်းမုယွင်အသက်ရှင်နေသေးတာကိုမသိတဲ့အပြင် ဘာကြောင့်မီးလောင်မှုဖြစ်ပွားခဲ့လဲဆိုတာကိုလည်းမသိပါဘူး။မတော်တဆလို့သာထင်ခဲ့တာပါပြီးတော့လည်း သူမကအဲ့လိုတွေမဖြစ်ခင်၁၀နှစ်လောက်ကတည်းကအမွေဖြတ်စွန့်လွတ်ခံထားရတာပါ။ ကျိုးယဲ့ယွမ်နဲ့ဝမ်ဖေးယာကကျတော့'ရန်သူတူတော့ မိတ်ဆွေဖြစ်တယ်'ဆိုတဲ့စကားအတိုင်း ပစ်မှတ်တူနေတာကြောင့်ပေါင်းမိသွားကြတာပါ

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Wo Geschichten leben. Entdecke jetzt