Unicode
————“ ရှန်း!…မင်းငါ့ကိုတာဝန်ယူ ”
“ ဗျာ??? ”
ဖက်ထားရကနေပြန်ခွာပြီး သူ့ကိုတာဝန်ယူဖို့ပြောနေတဲ့ချစ်ရသူလေးကြောင့်ကြောင်တောင်တောင်နဲ့ဖြစ်သွားရတယ်
“ ဘာ 'ဗျာ'လဲ!? မင်းငါ့ကိုစားပြီးနားမလည်းဝါးပြီးထွေးထုတ်လုပ်ချင်တာလား!?? ”
“ မဟုတ်… ”
“ ဒါဆိုရင် ငါ့ကိုတာဝန်ယူလေ ”
“ ကျွန်တော်… ”
ကျွန်တော်ကကြောင်တောင်တောင်ပုံစံဖြစ်နေတော့ချစ်ရသူလေးကစိတ်မရှည်စွာနဲ့သူ့ကို'စားပြီးနားမလည်ဝါးပြီးထွေးထုတ်လုပ်ချင်တာလား?' တဲ့လေသူမဟုတ်ကြောင်းပြောဖို့စကားတောင်မဆုံးသေးဘူး တာဝန်ယူရန်ထပ်မံပြီးပြောလာခဲ့တာကြောင့်သူဘာပြန်ပြောရမလဲဖြစ်နေမိတယ်။
သူလေးကတကယ်ပဲကျွန်တော့ကိုတာဝန်ယူစေချင်တာလား???
“ ရှန်း!…မင်းငါ့ကိုတာဝန်ယူမှာလား!? မယူဘူးလား!? အေး…မင်းမယူဘူးဆိုရင်တော့ ငါအခြားတစ်ယောက်ကိုရှာယူမှာနော် ”
“ မရပါဘူး!! မင်းလေးကကိုယ့်အပိုင်! ”
သူမယူရင်အခြားသူကိုရှာပြီးယူမှာလို့ပြောလိုက်တာကြောင့်သူ့မှာအမြန်ပင်ပြောလိုက်ရတယ်
မင်းလေးကကိုယ့်ကိုယူစေချင်မှတော့ကိုယ်ကယူရမှာပေါ့ဘာကြောင့်တခြားသူကိုပေးရမှာလဲ??မဖြစ်နိုင်တာ အခုကစပြီးမင်းလေးကကိုယ့်တစ်ယောက်တည်းရဲ့အပိုင်ပဲဘယ်သူမှယူလို့မရဘူး
{အမလေး…ဘယ်သူမှလည်းမယူပါဘူးနော်}
“ ဒါဆိုယူမှာလား?မယူဘူးလား? ”
“ ယူမှာ! ကိုယ်ယူမှာမို့ မင်းလေးအခြားသူကိုမယူရဘူး ”
“ အဟက်…ဒါဆိုပြီးပြီလေ ဒါနဲ့များကျွန်တော်တာတွေ မကျွန်တော်တာတွေလုပ်နေသေးတယ် ”
“ ကိုယ်မင်းလေးကိုအရမ်းချစ်တယ်ယွီအာ ”
“ ငါလည်း…မင်းကို…အမ်…ဘာပါလိမ့်နော် ”
“ ဟာ…ယွီအာကလည်းကိုယ့်ကိုမနောက်နဲ့လေကွာ ”
သူပဲယူမှာဖြစ်ကြောင်းကိုပြောပြီးတခြားသူမယူရဘူးလို့ပြောလိုက်တော့သူ့ကိုတဖန်ဖက်တွယ်လာကာ'ဒါဆိုပြီးပြီလေ'တဲ့ ဒါကြောင့်ကျွန်တော်သူ့ကို'ချစ်တယ်'ဆိုတဲ့အကြောင်းကိုပြောလိုက်တော့သူကလည်းကျွန်တော့ကို'ချစ်တယ်'လို့ပြန်ပြောမလိုလိုနဲ့မေ့ချင်ယောင်ဆောင်နေတာကြောင့်သူ့ကိုမနောက်ဖို့ပြောလိုက်တယ်
ESTÁS LEYENDO
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...