Chapter -9

1.6K 58 10
                                    

Unicode
————




ချင်း အိမ်တော်တွင်
—————————

“ သခင်ကြီး ပြန်လာပြီလား? ”

“ ဟုတ်ကဲ့  အန်တီယွင် ”

“ သခင်ကြီး တခုခုဖြစ်လာတယ်မလား? ”

“ စိတ်ရှုပ်စရာလေးနည်းနည်းရှိလို့ပါ ဘာမှ မဖြစ်ပါဘူး ”

“ တခုခုဖြစ်မှာ စိုးရိမ်လို့ပါ ”

“ စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး ဒါဆိုကျွန်တော်သွားနားတော့မယ်နော် ”

“ ဟုတ်ပါပြီကွယ် ”
(အင်းးး ဒီကလေးဘာတွေများဖြစ်လာပါလိမ့်နော်)

ချင်းဇီဖုန်းတစ်ယောက်အိမ်အပေါ်ထက်ကသူ့(ချင်းဇီဖုန်း)အိပ်ခန်းရှိရာဆီတက်လာလိုက်တယ်
အိပ်ခန်းရောက်တော့ခုတင်ပေါ်မှာထိုင်ရင်းသူတွေ့ခဲ့တဲ့အရာတွေကိုပြန်တွေးနေမိတယ်။
သူဒီနေ့ဝယ်စရာရှိလို့ Shopping mall တစ်ခုကိုသွားခဲ့တယ်။ အဲ့ကိုရောက်တော့ carparking မှာ ကားထားပြီး ကားပေါ်ကနေဆင်းမယ်လုပ်တော့ မိန်းကလေးတစ်ယောက်ကသူပိုက်ဆံအိတ်ကိုလူတစ်ယောက်လုယူပြီးထွက်ပြေးတော့အော်ပြီးအကူအညီတောင်းနေခဲ့တယ်။ သူ(ချင်းဇီဖုန်း)က နကိုကတည်းကသူ‌များကိစ္စတွေကိုဆိုရင်ဝင်မပါတတ်တာကြောင့်ကြည့်နေမိတယ်။

သူကြည့်နေတုန်းမှာပဲ ကောင်လေးတစ်ယောက်ကပိုက်ဆံအိတ်လုပြီးပြေးတဲ့လူနောက်ကိုပြေးလိုက်နေတာကိုတွေ့လိုက်ရတယ်။ သူလည်းထို‌ကောင်လေးကရင်းနှီးနေတာကြောင့် သေချာကြည့်လိုက်တော့ ကလေးငယ်(ရှီယန်)ဖြစ်နေတယ်လေ

သူလည်းထိုလူသားလေးရဲ့အပြုအမှုလေးတွေတစ်ခုဆီတိုင်းကိုလိုက်ကြည့်နေမိတယ်။ ပိုက်ဆံအိတ်လုပြေးတဲ့လူကိုအနောက်ကနေခုန်ပြီးလက်ဝါးနဲ့ရိုက်လိုက်တာရော၊မိန်းကလေးဆီကိုသွားပြီးပိုက်ဆံအိတ်ပြန်သွားပေးတာကော၊ဖုန်းလာလို့ပြန်ဖြေပြီးအလောတကြီးပြေးထွက်သွားတာကော လိုက်ကြည့်နေမိတယ်။

ထိုအချိန် လူတစ်ယောက်က ထိုလူသားလေးကို ဝါးစားမတတ်ကြည့်နေပြီး ထိုလူ့မျက်လုံးတွေထဲမှာလည်းပိုင်ဆိုင်လိုစိတ်တွေနဲ့ကြည့်နေတာကိုသတိထားမိလိုက်တယ်။နောက်တော့သူ့(ချင်းဇီဖုန်း)လူသားလေးက ထိုလူ့ကိုမမြင်ပဲဝင်တိုက်မိသွားတော့သူကားပေါ်ကဆင်းပြီးသွားကူညီမယ်လုပ်တော့ သူ့လူသားလေးကထွက်ပြေးသွားပြီလေ။ ဒါကြောင့်သူလည်းကားပေါ်မှာပြန်ထိုင်ပြီးထိုလူကိုကြည့်လိုက်တော့ ကလေးငယ်ပြေးသွားတဲ့ဘက်ကိုလှည့်ကြည့်နေတာတွေ့လိုက်ရတယ်။

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Where stories live. Discover now