Unicode
----" ဖန်ရှင်း "
" အင်း ကိုကို ကျွန်တော်မေးတာဖြေဦးလေ အဲ့ကလေးပေါက်စကဘယ်သူလဲ??? "
ပြောရင်းဆိုရင်းလူကိုလာဖက်တဲ့သူကြောင့်စိတ်အလိုမကျစွာမျက်ခုံးနှစ်ဖက်ကိုတွန်းချိုးမိတယ်
ကျိုးရှီယန်သူ့ကိုကလေးပေါက်စလို့ခေါ်တဲ့လူကြောင့်စိတ်တိုသွားတယ်။ ပြောပြီးတော့လည်း ရင်ထန်းကောကိုဖတ်လိုက်တာကြောင့်လည်းအံ့ဩရပြန်တယ်။ ဒါပေမဲ့လည်းအံ့ဩတာကနောက် စိတ်တိုတာကအရင် ဒါကြောင့်ပြန်ပြောလိုက်တယ်
" ဒီမှာဟိတ်လူ!! ကျွန်တော်ကအသက်ပြည့်ပြီးပြီ ကလေးပေါက်စမဟုတ်ဘူး!! ပြီးတော့ ရင်းထန်းကောကိုလွှတ်လိုက်!! "
" အဟက် ဒီမှာကိုယ့်ရုပ်ကိုလည်းမှန်ထဲပြန်သွားကြည့်ဦး နို့နံ့မစင်သေးတဲ့ကလေးပေါက်စရုပ်နဲ့ ပြီးတော့ ငါကဘာကြောင့် ကိုကို့ ကိုလွှတ်ရမှာလဲ?? ငါ့ဟာငါကိုကို့ ကိုဖက်တာလေ မင်းနဲ့ဆိုင်လို့လား?? "
သူ့ကိုကလေးပေါက်စလို့ခေါ်လိုက်တာကြောင့်စိတ်တိုသွားတဲ့ကောင်လေးကသူ့ကိုသူအသက်ပြည့်ပြီးပြီဆိုပြီးပြောကာ ကိုကို့ကိုလွှတ်ခိုင်းတာကြောင့် ရယ်လိုက်ပြီး နို့နံ့မစင်သေးတဲ့ရုပ်လို့ပြောလိုက်ပြီး ကိုကိုနဲ့သူနဲ့ဆိုင်လို့လားလို့ပြန်မေးလိုက်တယ်
" ဘာ!!! ဒီမှာ ခင်ဗျား!! ထားလိုက်ပါတော့ သူငယ်ပြန်နေတဲ့လူနဲ့ပြိုင်ပြောနေလဲအပိုပဲ ပြီးတော့ ကျွန်တော်က ဘာလိုရင်ထန်းကောနဲ့မဆိုင်ရမှာလဲ ဆိုင်တာပေါ့ အဲ့လက်တွေကိုဖယ်လိုက်!! "
သူ့ကိုနို့နံ့မစင်သေးတဲ့ကလေးပေါက်စရုပ်လို့ပြောလာတဲ့ထိုလူကြောင့်စိတ်တိုသွားတယ် ပြီးတော့လဲ ရင်ထန်းကောကိုဖက်တာ သူနဲ့ဆိုင်လို့လားဆိုပြီးမေးလာတဲ့ထိုလူ ဒါကြောင့်သူလည်းပြန်ပြောလိုက်တယ် ။ သူပြောလိုက်တော့စိတ်တိုသွားတဲ့ထိုလူက ရင်ထန်းကောကိုကြည့်ပြီး 'ကိုကို' ဆိုပြီးအော်ပြောလိုက်တယ်
" ဘာ!!! ကိုကို!! "
ထိုကောင်းလေးပြောလာတဲ့စကားကြောင့်စိတ်တိုသွားတယ်။ နောက်ဆက်ပြောလာတဲ့စကားကြားပြီးသူကိုကို့ဘက်လှည့်ပြီး အသံကျယ်ကျယ်နဲ့ခေါ်လိုက်မိတယ်
VOUS LISEZ
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
Roman d'amourUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...