Chapter -49

1K 31 2
                                    


Unicode
————

“ ကလေးငယ်…အဆင်ပြေရဲ့လား? ”

“ ကျွန်တော်အဆင်ပြေပါတယ် ”

ဟင်းး…

သူ့ဘေးမှာရှိနေတဲ့ကလေးငယ်ကိုကြည့်ကာသူပြင်းမောတစ်ခုချမိတယ်

ဘေးမှာထိုင်ကာငူငူငိုင်ငိုင်နဲ့ရှိနေတာကြောင့်သူလေး'အဆင်မှပြေပါ့မလား?'ဆိုတဲ့စိတ်နဲ့မေးလိုက်ပေမဲ့ တုန်ရီကာပျော့တော့နေသောအသံလေးနဲ့အဆင်ပြေကြောင်းပြန်ဖြေလာတဲ့ကလေးငယ်

သူနဲ့အန်တီယွင်ထိုနေရာကိုရောက်တော့အစောင့်အကြပ်သိပ်မရှိတာကြောင့်အေးဆေးသာဖြတ်ကျော်လာခဲ့ကြတယ်။ဘယ်ကနေဘယ်လိုထုတ်လိုက်မှန်းမသိတဲ့အသံတိတ်သေနတ်နှစ်လက်နဲ့အန်တီယွင်ကကျွမ်းကျင်အဆင့်လက်ဖြောင့်တပ်သားပမာအဓိကနေရာတွေကြီးသာရွေးပစ်သွားပုံကြောင့်သူ့မှာပါးစပ်တောင်မစိနိုင်ပဲ သခင်လေးဆိုသူကိုဖမ်းဆီးထားသောနေရာကိုရောက်ရှိလာခဲ့တယ်

သူတို့ရောက်တော့သခင်လေးဆိုသူကိုကြည့်လိုက်တော့သူ့ရဲ့ကလေးငယ်ဖြစ်နေတာကြောင့်သူ့ရင်ထဲအလွန်ကိုထိတ်လန့်သွားရကာတချိန်ထဲမှာပဲထိုလူသတ်သမားကိုလည်းရစရာမရှိအောင်ထိနုပ်နုပ်စဉ်းပစ်ချင်စိတ်ကတဖွားဖွား။ပြီးတော့သူ့ရဲ့ကလေးငယ်ကကြမ်းပြင်ပေါ်မှာထိုင်ကာရှိုက်ကြီးတငင်ငိုကြွေးနေတာကြောင့်လည်းစိုးရိမ်စိတ်တို့ကငယ်ထိပ်ရောက်နေပြီ။ဒါပေမဲ့ကလေးငယ်ကထိုလူသတ်သမားနဲ့ပြောနေတဲ့စကားများကြောင့်လည်းသူအံဩရပြန်တယ်။ထိုလူသတ်သမားက သူ့ကလေးငယ်ရဲ့'အဖေ'တဲ့လေ

အန်တီယွင်ကိုကြည့်လိုက်တော့လည်းမျက်နှာကအရောင်အမျိုးမျိုးပြောင်းနေပြီးအလွန်ကိုဝမ်းနည်းနေကာမျက်ရည်များပါ ပါးပြင်ပေါ်သို့စမ်း‌ရေပမာတသွင်သွင်စီးကျနေတာကြောင့်သူရိပ်မိလိုက်တာက အန်တီယွင်ဟာ သူ့ကလေးငယ်ရဲ့'အမေ'ဆိုတာပါပဲ ။နောက်တော့အန်တီယွင်လည်းမနေနိုင်တော့လို့ထင်မျက်ရည်များကိုအကြမ်းပတမ်းသုတ်ကာ ထိုနေရာကိုသွားပြီးမေးလိုက်တယ်။သူလည်းထိုနည်းတူကလေးငယ်ရှိနေရာစီကိုသွားကာ မျက်ရည်များကိုသုတ်ပေးကာ နှစ်သိမ့်တဲ့အနေနဲ့ထွေးပွေ့ပေးထားလိုက်တော့သူ့ကိုပြန်ဖက်တွယ်လာတဲ့ကလေးငယ်ကအတော်ကိုဝမ်းနည်းဆို့နင့်နေပုံ

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Where stories live. Discover now