Chapter -55(Real World)

649 27 0
                                    

Unicode
————

ထိုအဖွဲ့မှာတော့ အခြားမဟုတ် ရှန်းလီမင်ဦးဆောင်တဲ့ ကျိုးရှီယန်တို့ရဲ့ရဲတပ်ဖွဲ့သာဖြစ်သည်

“ အရှေ့မှာပစ်မှတ်ရှိတယ် အားလုံးသတိအနေအထားနဲ့အဆင်သင့်ပြင်ဆင်ထားပါ ပြီးတော့ ဓားစာခံတွေကိုဦးစားပေးကယ်တင်ပါ ”

“ နားလည်ပါပြီ ခေါင်းဆောင် ”all

ရန်သူဂိုဏ်းများသတိမထားမိစေရန် ဆက်သွယ်ရေးကိရိယာနဲ့အသံကိုတိုးညင်းစွာဖြင့်လုပ်ဆောင်ရန်အရေးကြီးတဲ့ဓားစာခံကိုဦးစားပေးကယ်တင်ရန်နှင့်သတိအနေအထားနဲ့ အဆင်သင့်ပြင်ဆင်ထားရန် ခေါင်းဆောင်ဖြစ်သူ ရှန်းလီမင်မှ အဖွဲ့သားတွေကိုသတိပေးပြောကြားလာတာကြောင့် အဖွဲ့သားများမှာလည်း ခေါင်းဆောင်ရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာကာဆောင်ရွက်ရန်အဆင်သင့်ပြင်ဆင်ကြလေသည်

ကျိုးရှိယန်အခုနယ်စပ်ကတောအုပ်တစ်ခုရဲ့အစပ်တွင်ရှိနေတာဖြစ်ပြီး သူနဲ့အတူရဲသားတချို့လည်းပါဝင်သည်။ ရဲအုပ်ရှန်းလီမင်ရဲ့ဦးဆောင်မှုနှင့်အတူအခုဆိုရင်သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ BM နဲ့ GB ဂိုဏ်းနှစ်ဂိုဏ်းကိုအလယ်တွင်ထား၍ သူတို့တပ်ဖွဲ့ကိုပြောက်ကြားစနစ်နဲ့တပ်ဖြန့်ထားပြီး ရန်သူ့အခြေအနေကိုစောင့်ကြည့်ကာအခွင့်အရေးကောင်းများကိုရှာဖွေစောင့်ဆိုင်းနေခြင်းဖြစ်သည်

အဖွဲ့ကိုလေးဖွဲ့ခွဲကာအဘက်ဘက်မှလေးဖက်လေးလံတပ်ဖြန့်ထားခြင်းကြောင့် ရုတ်ရုတ်သဲသဲအခြေအနေများနဲ့ကြုံလာရမည်ဆိုရင်တောင် ရန်သူများလွှတ်မြှောက်သွားမည်မဟုတ်ပါ။ ဒါပေမဲ့လည်းရန်သူ့လက်ထဲတွင်ဓားစာခံများရှိနေသည့်အတွက် ထိုဓားစာခံများအသက်အန္တရာယ်ကင်းရေးကိုပိုပြီးဦးစားပေးရမည်ဖြစ်သည်။ ဘယ်လောက်ပဲအရေးကြီးတဲ့ mission ဖြစ်နေပါစေ ဓားစာခံရဲ့အသက်အန္တရာယ်ကိုကယ်တင်ဖို့ထက်ဘယ်အရာမှအရေးမကြီးပေ။ ဓားစားခံသာအသက်အန္တရယ်နဲ့ကြုံတွေ့ခဲ့ပါကသူတို့ရဲ့ mission ထမ်းဆောင်မှုမှာလည်းတစ်ဝက်တိတိရှုံးနိမ့်မည်မှာမလွဲဧကန်ပေ။ဒါ‌ကြောင့် ဓားစာခံတွေရဲ့အသက်အန္တရာယ်မ‌ကျရောက်ဖို့မှာသိပ်ကိုအရေးကြီးလှပေသည်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now