Unicode
————ချင်းဇီဖုန်းအခုချိန်ထိပြန်မလာသေးတဲ့လူသားလေးကိုစောင့်မျှော်နေမိတယ်။မိမိနည်းတူသူငယ်ချင်းဖြစ်သူမှာသူ့ရဲ့နှလုံးသားပိုင်ရှင်လေးကိုစောင့်မျှော်နေလေသည်
ခဏအကြာမှာတော့သူတို့စောင့်မျှော်နေတဲ့လူသားလေးနှစ်ယောက်မှာတော့ရယ်မောပျော်ရွှင်ကာ party ပွဲထဲကိုပြန်ဝင်လာတာကိုတွေ့လိုက်ရတာကြောင့် ထိုနားကိုလျှောက်သွားလိုက်တယ်
“ အို…Mr.ချင်းနဲ့ Dr.ဖူကိုပြန်သွားပြီထင်တာ ”
“ ကျွန်တော်တွေ့ချင်တဲ့လူတစ်ယောက်ကိုမတွေ့ရသေးလို့မပြန်သေးတာပါ ”
“ Mr.ချင်း တွေ့ချင်တဲ့သူ??? ”
သူတို့ရှိနေတဲ့နားကိုပြုံးကာရောက်လာတဲ့ Mr ချင်းနဲ့ Dr.ဖူကြောင့် ကျိုးမော့လန်မေးလိုက်တော့ လူတစ်ယောက်ကိုမတွေ့ရသေးလို့မပြန်သေးတာဆိုပြီးပြောလာတဲ့ Mr.ချင်းကြောင့်ပြန်မေးလိုက်တော့ မြေးငယ်လေးကိုပြုံးကာစိုက်ကြည့်နေတဲ့သူ သူလည်းမြေးငယ်လေးကိုကြည့်လိုက်တော့မသိချင်ယောင်ဆောင်ကာတစ်ဖက်ကိုလှည့်နေတာကိုတွေ့လိုက်ရတာကြောင့် ပြုံးမိသွားတယ်
“ ကလေးငယ် ကိုယ်တို့ပြန်တွေ့ကြပြန်ပြီနော် ”
Mr.ကျိုးကိုပြောပြီးကလေးငယ်ကိုပြုံးကာကြည့်လိုက်ပေမဲ့မသိချင်ယောင်ဆောင်ကာတစ်ဖက်လှည့်နေတဲ့သူလေးကြောင့် ကိုယ့်ဘက်ကစပြီးနှုတ်ဆက်လိုက်တယ်
ဝမ်ဖေးယာ သူမတို့နားကိုရောက်လာတဲ့ဇီဖုန်းကောကောကြောင့်သူမကိုလာတွေ့တယ်ထင်ကာပျော်သွားမိတယ်။အဖိုးဖြစ်သူကမေးလိုက်တော့လည်း 'တွေ့ချင်နေတဲ့လူတစ်ယောက်ကိုမတွေ့ရသေးလို့' လို့ပြန်ဖြေလာတာကြောင့်သူမကိုတွေ့ချင်တယ်လို့ပိုလို့တောင်ထင်မိသွားတယ်။ဒါကြောင့်ရှက်ပြုံးလေးပြုံးကာသူမဇီဖုန်းကောကောကိုနှုတ်ဆက်ဖို့ပြင်လိုက်တဲ့အချိန် ဇီဖုန်းကောကောက သူမရဲ့အစောနလေးတင်မောင်တစ်ဝမ်းကွဲမှန်းသိခဲ့ရတဲ့ရှီယန်ဆိုတဲ့တစ်ယောက်ကိုပြုံးကာနှုတ်ဆက်လိုက်တာကြောင့်သူမစိတ်တိုမိတယ်ပြီးတော့ဇီဖုန်းကောကောခေါ်လိုက်တဲ့နာမ်စားကြောင့်လဲသူမ ပိုလို့မနာလိုဖြစ်မိတယ်။ဇီဖုန်းကောကောကသူမကိုတောင်မမြင်ပဲထိုကောင်တစ်ယောက်ထဲကိုသာမြင်နေတယ်ဆိုတဲ့အတွေးကသူမကိုပိုလို့ဒေါသထွက်စေမိတယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...