Unicode
————" မငိုနဲ့တော့နော် ပါပါးရဲ့သမီးလေး "
“ အင်း ရွှတ် ”
အနှစ် ၂၀ကျော်မှပြန်တွေ့ရတဲ့သမီးကြီး(ကျိုးလင်ဝမ်)ကိုဖက်ပြီးကျိုးမော့လန်မျက်ရည်ကျမိတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းကသူကိုယ်တိုင်ပဲအမွေဖြတ်စွန့်လွှတ်ခဲ့သမီးကြီး ဘာလို့ဆို သူသဘောမတူတဲ့လူနဲ့ခိုးရာလိုက်ပြေးသွားတာကြောင့် စိတ်တိုကာအမွေဖြတ်စွန့်လွှတ်ကြောင်းကြေညာခဲ့တယ်။ ဒါပေမဲ့လည်း ကိုယ့်သွေးသားနဲ့ဖြစ်တည်လာတဲ့ သားသမီးပေပဲမို့လား? ဘယ်သူကကောတကယ်ပြတ်နိုင်မှာတဲ့လဲ? အခုလည်းသူ့ဆီကိုရောက်လာပြီးတောင်းပန်ကာငိုနေတာကြောင့် စိတ်မခိုင်တဲ့ကိုယ်ကပဲခွင့်လွှတ်ပေးပြီးပြန်ခေါ်ရန်ဆုံးဖြတ်ချက်နဲ့အတူ ဝမ်းနည်းဝမ်းသာမျက်ရည်ကျရပြန်တယ်။ သားငယ်လေး(ကျိုးယဲ့ယွမ်)တို့မိသားစုမရှိတော့တည်းက အထီးကျန်နေတဲ့ကိုယ့်ဘဝထဲကိုသမီးကြီးကပြန်ဝင်လာတော့အတိုင်းမသိကိုပဲဝမ်းသာရပါတယ်။
နောက်ဆိုရင် သမီးကြီးရယ်၊ မြေးငယ်လေးရယ်တို့နဲ့ပျော်ရွှင်တဲ့မိသားစုလေးပြန်ဖြစ်တော့မည်မလား?? အင်းးး မြေးငယ်လေးကိုလည်းပြန်ခေါ်ရဦးမှာပေါ့လေ...
“ သခင်ကြီး မနက်ဖြန် party အ..... အဟမ်း ကျွန်တော်မနှောက်ယှက်တော့ပါဘူး ”
လီကျွမ်း မနက်ဖြန် company နှစ်ပတ်လည်ပွဲအတွက်ပြင်ဆင်ပြီးလိုအပ်တာတွေရှိ မရှိ သခင်ကြီးကိုပြန်ပြီးစစ်ဆေးပေးဖို့အတွက်ရုံးခန်းထဲကိုလာခဲ့ပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အနှောက်အယှက်ဖြစ်မှာဆိုးတာကြောင့်ပြန်ထွက်ဖို့လုပ်လိုက်တယ်
“ ဘယ်လဲ? ပြောစရာရှိတာပြော သူမက ကျိုးလင်ဝမ် ငါ့ရဲ့သမီးကြီး ”
ရုံးခန်းထဲကိုဝင်လာတဲ့လီကျွမ်းကသူတို့(ကျိုးမော့လန် & ကျိုးလင်ဝမ်)ပုံစံကိုမြင်ပြီးအပြင်ကိုပြန်ထွက်သွားရန်ပြင်ဆင်နေတာကြောင့်အမြန်တားလိုက်ရတယ်။ တစ်မျိုးထင်နေတဲ့ပုံစံကြောင့်လည်းပြောပြရသေးတယ်
“ ဟုတ်ကဲ့ သခင်ကြီး ဒါက partyပွဲရဲ့. &:"*_+-#+#&+*& ”
လီကျွမ်းလည်းအပြင်ပြန်ခါနီးမှသခင်းကြီးရဲ့စကားကြောင့် သခင်ကြီးတို့ရဲ့အနားကိုသွားပြီး party ပွဲအပြင်အဆင်တွေနဲ့အစီအစဉ်တေကိုတစ်ခုချင်းရှင်းပြပြီးလိုအပ်တာတွေကိုထပ်ပြီးဖြည့်ထည့်တာတွေကိုပြုလုပ်လိုက်တယ်
KAMU SEDANG MEMBACA
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomansaUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...