Chapter -15

1K 31 14
                                    

Unicode
————

“ Boss ဒီနေ့ company ကို ပူးပေါင်းစာချုပ် ချုပ်ဆိုဖို့အတွက် K&J company ရဲ့ CEOဖန် လာပါမယ်  ”

ဆုံလည် ထိုင်ခုံပေါ်မှာထိုင်ကာ လက်တော့ပ်တစ်လုံးနဲ့အလုပ်ရှုပ်နေသော boss ဖြစ်သူကို မင်လုပြောလိုက်တယ်

“ အင်း ဘယ်အချိန်လဲ ”

“ နံနက် ၁၀နာရီခွဲပါ ”

အတွင်းရေးမှူးပြောပြီးတာနဲ့ လက်ကနာရီကိုကြည့်လိုက်တော့ ၉နာရီခွဲနေပြီဖြစ်တယ်

“ အို... နောက် ၁နာရီလောက်နေရင်လာမှာပဲ ”

“ ဟုတ်ပါတယ် boss ”

“ အင်း ပြင်ဆင်စရာရှိတာတွေကိုသွားပြီးပြင်ဆင်ထားလိုက်ပါ ”

သူ(မုရင်ထန်း)လည်း အတွင်းရေးမှူးမလေးကို လိုအပ်တာတွေကိုပြင်ဆင်ထားဖို့ခိုင်လိုက်တယ်

“ ဟုတ်ကဲ့ပါ boss  ”

သူမ(မင်လု)လည်း boss ခိုင်းတာတွေလုပ်ရန်ရုံးခန်းထဲကနေထွက်လာခဲ့လိုက်တယ်

တဖက်တွင်တော့....

“ Daddy ကျွန်တော်မသွားချင်ဘူးနော် ”

“ မရဘူး မင်း သွားကိုသွားရမယ် ”

“ ဟာ daddyကလဲ ”

“ ငါကမလဲဘူး နောက် ၁နာရီနေရင်သွားရမယ် မဟုတ်ရင်တော့ မင်းရဲ့မြွေတွေအ.... ”

“ ရပြီ ရပြီ ကျွန်တော်သွားမယ် ကျွန်တော့သားလေးတွေတော့မထိနဲ့ Ok ”

“ ဟက် အစတည်းကဒီလိုဖြစ်ရမှာ ”

ပြောပြီးထွက်သွားတဲ့ အဖေဖြစ်ကိုကြည့်ပြီးတစ်ယောက်ထဲဒေါပွနေမိတယ်

ဟုတ်တယ်လေ မပြောလိုက်ချင်ဘူး တစ်စိတ်ရှိ ဒီသားလေးတွေကိုပဲခလုတ်လာတိုက်နေတာ ဟွန့် ပြောကိုမပြောချင်ဘူး

သူ(ဖန်ဟုန်ပင်း)သိတာပေါ့ သူ့သားက သူ့(ဖန်ရှင်း)ရဲ့မြွေလေးတွေကိုအထိမခံနိုင်ဘူးဆိုတာကို ဒါကြောင့်အဲ့မြွေတွေနဲ့ချိန်းခြောက်လိုက်တော့မှသွားတွေ့ရမှာကိုလက်ခံခဲ့တယ် ကိုယ့်သားအကြောင်းကိုယ်အသိဆုံးပေပဲမလား??

_______&&&&&____&&&__

၁၀နာရီခွဲပြီဖြစ်၍ မုရင်ထန်းတစ်ယောက် သူ့ရဲ့အတွင်းရေးမှူးမလေးနဲ့အတူ company အောက်ဆုံးထပ်တွင်ရပ်၍စောင့်နေမိတယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Onde histórias criam vida. Descubra agora