Unicode
————" ခင်ဗျားကြီးဘယ်လိုတွေဖြစ်နေတာလဲဗျာ ကျွန်တော်ဒီမှာအလုပ်လုပ်နေတယ်လေ "
" အာ့...ကိုယ့်ရဲ့နှလုံးသားလေးနာကျင်သွားရပြီကလေးငယ်ရယ် "
" ခင်ဗျားကြီးအပိုတွေလုပ်မနေနဲ့ "
" ကိုယ်တကယ်ပြောတာပါကလေးငယ်ရယ်...ကလေးငယ်ကကိုယ့်ကို 'ခင်ဗျားကြီး' လို့ခေါ်တော့ ကိုယ်တကယ်ကိုခံစားရတယ်ကွာ "
သူ့ကိုဘေးကနေသိုင်းဖက်ထားတဲ့ 'ဦး' ဟုတ်တယ် 'ဦး' သူတို့ချစ်သူတွေစဖြစ်ကတည်းက 'ဦး' လို့ပဲခေါ်ပါတဲ့လေ အဲ့လိုလေးခေါ်တာကိုသဘောကျလို့ပါတဲ့ သူနဲ့ကိုယ်နဲ့ကအသက် ၅နှစ်သာကွာပေမဲ့ 'ဦး' ဆိုတဲ့နာမ်စားလေးကိုကြိုက်လို့ပါဆိုပြီး သူ့ကိုထိုသို့ခေါ်ခိုင်းတာကြောင့်သူလည်း ထိုသို့သာခေါ်ခဲ့တယ်။အခုဆိုရင် သူတို့ချစ်သူဖြစ်တာ သုံးလတောင်ရှိခဲ့ပြီ ဒီကြားထဲမှာပဲ SS ဂိုဏ်းကိုအငြိုးနဲ့များဖျက်စီးချင်နေသလားအောင့်မဲ့ရအောင်ပင် တစ်လကျော်ကျော်အတွင်းမှာပဲ တစ်ဂိုဏ်းလုံးအစရှာမရအောင်ကိုလုပ်ပစ်လိုက်တဲ့ ဦး
နောက်ပြီး လော့ဟန်ဆိုသည်မှာလည်း အစ်မရှန်းချီချီ နောက်ကို တ မ တည်း မပြီးကိုလိုက်နေတာ မမ မမ နဲ့ကိုနေတာပဲ။ ဦးကတော့ချစ်သူတွေဖြစ်ကတည်းကသူနေတဲ့ ကွန်ဒိုမှာပဲအတူတူလာနေတယ်။သူ့ကိုအရမ်းချစ်ပြီးအရမ်းလည်းဂရုစိုက်တယ်။တစ်ခါတစ်လေကျရင် မမလည်းလာလည်တတ်တယ်။မမလာလည်တိုင်းလဲ နောက်ကနေတောက်တဲ့လိုကပ်နေတဲ့လော့ဟန်ကမပါမဖြစ်ပဲပေါ့ ။ဦးနဲ့လော့ဟန်ကတော့ တွေ့တိုင်းကိုရန်ဖြစ်နေတာပဲ။ဘာလို့ဆို့ သူ့ရဲ့တစ်ဦးတည်းသောအစ်မဖြစ်သူကိုဖြတ်ခုတ်မဲ့ ဝံပုလွေကြီးဆိုပြီ လော့ဟန်ကိုကြည့်မရဘူးတဲ့လေ။ဟိုကောင်လော့ဟန်ကလည်းအချစ်တွက်ဆိုအရာရာရင်ဆိုင်ဖို့အသင့်ဖြစ်နေတဲ့ အချစ်သူရဲကောင်းလို ဦးဘယ်လောက်ပြောပြော ပြန်ချေပပြီးတော့ အစ်မဖြစ်သူကိုရအောင်ကိုယူမယ်ဆိုတဲ့လူမျိုး
အခုတော့သူအလုပ်လုပ်နေတာကိုဘေးကနေပြီးလိုက်ရှုပ်နေတဲ့ ကလေးကြီးကိုထိန်းရပေဦးမည်
" ဟူးး...ဦးကလည်းကွာ ကျွန်တော်ဒီမှာအလုပ်ကအရေးကြီးနေလို့ပါ ခဏပဲလေနော် "
BẠN ĐANG ĐỌC
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed }
Lãng mạnUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...